-67- (တစ္ဆေက ဝိဥာဥ်ကို ခေါ်ခြင်း)

1.3K 312 32
                                    

(Unicode)

ယွိကျန်းတုလည်း ဖြစ်စဥ်အကြောင်းစုံကို ဖန်းလီထံ ရှင်းပြထားလိုက်သည်။ ထို့နောက် သူနှင့် ရှန်းချွယ့်တို့ပေါင်းပြီး ဖန်းလီ၏ ဝိဥာဥ်ကို ခေါ်ဆောင်၍ ဆေးရုံသို့ အမြန်လေး ပြေးလာခဲ့လိုက်တော့သည်။

လမ်းတစ်လျှောက်မှာ ဖန်းလီက အူတူတူ အတတ လေး ဖြစ်ကာ ဆက်တိုက် မေးခွန်းတွေ မေးမကုန်နိုင်ဖြစ်နေခဲ့ရသည်။
"အဲ့တော့ ကျွန်တော် က သေပြီးသားလား မသေရသေးဘူးလား?"

"ပြောဖို့တော့ ခက်တယ် .. မင်း ခန္ဓာကိုယ် ရှိနေသေးလား  မရှိတော့ဘူးလားဆိုတဲ့ အပေါ်မှာပဲ မူတည်တာ "ယွိကျန်းတု ပြန်ဖြေပေးလိုက်ခြင်း။

"မင်းမိသားစုက ခြေမြန်လက်မြန်နဲ့ အစောကြီး သင်္ဂြိုဟ်ပစ်လိုက်ရင်တော့ မင်းက သေလူအတိုင်းပဲ ဆက်နေသွားရ‌ တော့မှာ"

"မဖြစ်နိုင်တာ
လိုင်းပေါ်က ဝတ္ထုတွေမှာ ခဏခဏ ထည့်ရေးကြတာ ဖတ်ဖူးလား? 
အဲ့လို လူမှားသေသွားပြီးတော့ ဝိဥာဥ်က ပြန်ဝင်စရာ ခန္ဓာကိုယ် မရှိတော့ရင် ငရဲပြည်ကနေပဲ အဲ့ဒီသူကို အနီးနားမှာ အလွယ်တကူရှိတဲ့ ခန္ဓာကိုယ်ထဲ သွင်းပေးလိုက်တာမျိုးတွေလေ...??"
ဖန်းလီက မေးလာပြန်သည်။

ရှန်းချွယ့် ".........................."
"ဝိဥာဥ် မရှိတော့တဲ့ ခန္ဓာကိုယ်ထဲကို အစားထိုး‌ပေးလိုက်တဲ့ အဖြစ်မျိုးတော့ ရှိဖူးတယ်"

"အဲ့တာဆို တကယ်ကြီးပေါ့ ??"

ဖန်းလီမှာ သူ့အိပ်မက်တွေ အကောင်အထည် ဖော်ခံလိုက်ရသည့်နှယ် ပျော်ရွှင် မြူးထူးသွားခဲ့သည်။
"အဲ့လိုဆို ကျွန်တော့်ကိုလည်း ကျွန်တော့် ခန္ဓာကိုယ်က သုံးလို့မရတော့ဘူးဆိုရင် အရပ်ရှည်ရှည် တောင့်တောင့်ဖြောင့်ဖြောင့် ရုပ်ရှိရေလျှံ သူဌေးသား တစ်ယောက်ကိုယ်ထဲ ထည့်ပေးလို့ရမလား?? အဲ့ သူဌေးသားမှာ ရည်းစားတစ်ယောက်လောက် ရှိနေပြီးသားးဆိုရင် ပိုအဆင်ပြေမယ် "

ယွိကျန်းတု : "............."

ရှန်းချွယ့်ကမူ ၎င်းအား အိပ်မက်တွေထဲ ကြာကြာမနေစေချင်သည့် သူနှယ်။
"အဲ့လို လုပ်ရပ်မျိုးကို အစောကြီးကတည်းက တရားဥပဒေ အရ တားမြစ်ထားတယ်"

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now