Part-18 (တစ္ဆေဘုရင်၏ အမှတ်တံဆိပ်)

3K 600 19
                                    

(Unicode)

လီထျန်းထျန်း၏ သူငယ်ချင်းအကုန်လုံး ချန်စစ်ယွီပြောတာကို ယုံကြသည်တော့ မဟုတ်။ တစ်ချို့တစ်ချို့တွေထဲမှာ ချန်စစ်ယွီက လုပ်ကြံပြောတာလို့ထင်နေတဲ့သူတွေရယ် အလိမ်ခံလိုက်ရတယ်လို့ ထင်နေကြတဲ့သူတွေ ရှိသေးသည်။
သို့သော် တော်တော်များများကတော့ သူမပြောတာတွေက အမှန်ပါလို့ ယုံကြည်ပေးချင်တဲ့သူတွေ များ၏ ။
နောက်တစ်ချက်က သူငယ်‌ချင်းရောင်းရင်းတွေအကုန်လုံးက တတ်နိုင်တဲ့ မိသားစုက လာကြတဲ့သူတွေပဲမို့လို့ ကျောက်တုံးလေးတစ်တုံး၀ယ်ဖို့က သူတို့အတွက် အဲ့လောက် ရေးကြီးခွင်ကျယ်ဖြစ်စရာ ကိစ္စမဟုတ်ပါလေ။

ဒါတင်မကသေးပဲ အကုန်လုံး ပိုစိတ်၀င်စားနေကြတဲ့ အရာက မြေအောက်လောကစွမ်းအင်ရှာဖွေရေးကိရိယာ အကြောင်းပင်။
သူတို့အတွေးထဲမှာ ပရိုဂရမ်က အစစ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကံကြမ္မာပြောင်းလဲစေတဲ့ကျောက်တုံးတွေနဲ့ မတူခြားနားစွာ ဒီတစ်ခုကတော့ မျက်စိရှေ့တင် သက်သေပြနိုင်‌လောက်သည့်အရာမို့ ပိုစိတ်၀င်စားနေကြသည်။
ထို့ကြောင့် ကျောက်တုံးတစ်တုံးလောက်ဟန်ပြ၀ယ်ပြီး သူတို့ကိုပါ check up လုပ်ပေးနိုင်မလား အချောင်သိချင်‌နေကြခြင်း။

မှာယူတဲ့အရေအတွက်ကိုကြားသိရပြီးနောက်မှာ ယွိကျန်းတု အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
သူ့အနေနဲ့ အပျော်ဖန်တီးလိုက်မိတဲ့ ပရိုဂရမ်သေးသေးမွှားမွှားလေးက လူတွေပိုက်ဆံသုံးပြီး စမ်းချင်နေလောက်တဲ့အထိ ကြီးကျယ်သွားလိမ့်မယ်မှန်း မထင်ထားခဲ့မိရိုး အမှန်ပါ။

ကုမ္ပဏီအတွက် ပထမဆုံးအကြိမ်အဖြစ် အခုလောက်ကြီးထိ များပြားလှတဲ့ အော်ဒါတွေ ရအပြီးမှာ
ယွိကျန်းတုလည်း မှာယူတဲ့ကျောက်တုံးအရေအတွက်ကို သေချာမှတ်ယူပြီး သူဌေးနဲ့သွားတိုင်ပင်ဖို့ ပြင်လိုက်ရသည်။
ဖြစ်ချင်တော့ ရှန်းချွယ့်ကပင် သူ့ကို ဦးအောင် ရုံးခန်းထဲ ခေါ်နှင့်တာပင်။

ရှန်းချွယ့်က သူ့ဖုန်းကို ယွိကျန်းတုရှေ့ ချပြလာခဲ့သည်။
စခရင်ပေါ်၌ ပေါ်နေသည်က သူနှင့် ဝေ့ရှောင်း Wechat မှာ စကားပြောထားတဲ့ chat history....

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now