-80- (Sagittarius Band)

793 181 6
                                    

(Unicode)

ယွိကျန်းတုမှာ သူနှင့် ရှန်းချွယ့်ကြားက အဆင့်ကျော်ချမှုကြီးမှာ ကလေးတစ်ယောက် အတူတူ ပျိုးထောင်တော့မယ့် အဆင့်ထိကို ရောက်သွားခဲ့ရသည့်အပေါ် ဘယ်လိုနည်းနဲ့မှတောင် မတုံ့ပြန်နိုင်လောက်အောင် အေးခဲသွားရသည်။

ရှန်းချွယ့်က ထပ်ပြီး ပုံကြီးချဲ့ပြလာပြန်၏။

"သိပ် စိတ်မပူပါနဲ့.... Peppa လေး အကောင်ပေါက်လာတဲ့အခါကျရင် ငါသူ့ထဲကို လူသား အသိဉာဏ်တွေ ထည့်ပေးလိုက်မှာ.... အဲ့ကျမှ ကမ္ဘာပေါ်မှာ ဉာဏ်အထက်ဆုံးသော ငန်းမလေး ဖြစ်လာအောင်လို့လေ...."

သမီး တစ်ယောက်လို ပျိုးထောင်ပေးမယ်လို့သာ ပြောလိုက်ပါတော့လား...

ယွိကျန်းတု သူ့ကိုယ်၌ တအံ့တသြ ဖြစ်သည့်အခါ ပြောစရာ စကားများ ဆွံ့အသွားတတ်သည့် အကျင့်ရှိကြောင်း ‌ရှေ့တုန်းက မသိခဲ့ပါလေ.....
တော်သေးသည်က ဒီတစ်ခေါက်တွင်မူ ဆင်ခြင်ထုံတရားတို့ ကျန်ရှိနေသေးသည်မို့....

"အဲ့တော့ သူက အထက်တန်း စာမေးပွဲတွေ ဘာတွေလည်း ဝင်ဖြေလို့ ရလောက်မှာလား?"

ရှန်းချွယ့်က အတည်ပေါက်ကြီး ပြန်ဖြေပေးလာခဲ့သည်။
"အသိဉာဏ် ပြန်ထည့်ပေးပြီးသွားရင်တော့ မှတ်ဉာဏ်ပိုင်းနဲ့ ပတ်သတ်တဲ့ ပြဿနာကတော့ ဘာမှ မရှိလာနိုင်လောက်‌တော့ဘူး....ဒါပေမဲ့ အထက်တန်း စာမေးပွဲ ဝင်ဖြေရလောက်တဲ့အထိတော့ မဟုတ်သေး...."

တောမှာ သွားပြော....
သေချာပေါက် ပေါက်တတ်ကရတွေကို.....
ငန်းတစ်ကောင်ကို အိမ်ထောင်စုဇယားထဲလည်း ထည့်လို့မရသလို မူကြိုကတောင် သူ့ကို လက်ခံမှာမဟုတ်တာ!.... အထက်တန်းထိတက်ဖို့ဆိုတာ ဝေးသေး...

ရှန်းချွယ့်မှာမူ အရိပ်အခြည်လည်း မကြည့်တတ်ချေ။
"သူ့ ငန်းခြေထောက်နဲ့ကျတော့ ဘောပင်ကိုင်လို့ မရလောက်ဘူးဆိုတော့ ပုစ္ဆာတွေ ဘာတွေ တွက်ဖို့ကျ တော်တော်လေး ခဲယဉ်းသွားလောက်တယ်"

ယွိကျန်းတုလည်း မျက်နှာသေကြီးဖြင့် ရေလိုက်ငါးလိုက် ဝင်ပြောလိုက်လေသည်။
"နှမျောဖို့ကောင်းတာနော်.... မဟုတ်ရင် ကျွန်တော်တို့ သူ့ကို ပထမဆုံးသော အာကာသဒုံးပျံယာဉ် သိပ္ပံပညာရှင် ငန်းမလေး
ဆိုတာမျိုးအထိ ဖြစ်လာအောင် လုပ်ပေးလို့ရမှာကို...."

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now