-28- (ငါ မင်းကို ရှယ်ယာတွေပေးမယ်)

2.6K 598 60
                                    

(Unicode)

ကျူးယန်၏ အသံဟာ ကျယ်လောင်သွားခြင်းမျိုး မရှိသော်ငြား အတန်းဖော်တွေ တော်တော်များများက သူတို့နားစုနေကြတာမို့ တစ်ယောက်က အထိတ်တလန့်ပြန်မေးလာခဲ့၏။
"တကယ်ကြီးလား?"

နောက်ထပ်တစ်ယောက်ကလည်း ဇဝေဇဝါဖြင့်..
"ငါ ကွမ်းကျုံးဆီက ကြားတာကျတော့ ကျန်းတု အလုပ်လုပ်တဲ့ ကုမ္ပဏီက တော်တော်ဆိုးတာဆို?"

အကုန်လုံးက တညီတညာ ခေါင်းညိတ် ထောက်ခံလာခဲ့သည်...
"ငါတို့လည်း အဲ့လိုကြားတာ..
သူပြောတာ ကျန်းတု အခု၀င်နေတဲ့ကုမ္ပဏီက သေးလည်းသေးပြီး လတ်တလောဆို တရားမ၀င်ရင်းနှီးမြုပ်နှံမှုတွေပါ လုပ်နေတယ်လို့ သတင်းထွက်နေတာတဲ့"

"ပေါက်ကရတွေ"
ကျူးယန်မှာ အပြောခံရသည့် ကာယကံရှင်ထက်ပင် ဒေါသထွက်နေခဲ့လေသည်။
သူ့အသံက တစ်ဆင့်ထပ်မြင့်သွားကာ...
"အဲ့ကွမ်းကျုံးဆိုတဲ့ကောင် ရူးသွားတာလား?
သူ့ကို နိုဗာကုမ္ပဏီက ကမ်းလှမ်းခံရတယ်ဆိုတာနဲ့ပဲ သူ့ကိုယ်သူ တစ်တန်းမြင့်သွားပြီ ထင်နေတာနဲ့တူတယ်!
ကုမ္ပဏီကို အပုပ်ချရုံတင်မကဘူး ကျန်းတုတို့ကုမ္ပဏီက ငွေမည်းကိစ္စတွေပါလုပ်နေတယ်ဆိုတဲ့ ကောလဟာလတွေ လွှင့်ရလောက်တဲ့အထိ"

"ငါ ကိုယ်တိုင် ဝေ့ရှောင်းက ကျန်းတုနဲ့ အဆက်အသွယ်ရှိနေတာကို မြင်ထားတာပါကွ....
အဲ့ကောင်က သပ်သပ်ကြီး ဝေ့ရှောင်းက သူ့ကိုမဆက်သွယ်တာနဲ့ဘဲ သွေးလေခြောက်ခြားနေတာ"
ကျူးယန်မှာ သူ့စကားတွေကို လူတွေ ကောင်းကောင်းကြီး မယုံကြည်မှာ စိုးရိမ်စိတ်ဖြင့် ကျန်းချင်းချင်းကိုပါ တပ်ကူခေါ်လိုက်၏။
"ချင်းချင်း...မြန်မြန် အကုန်လုံးကို ပြောပြလိုက်
မင်းသူဌေးက ကျန်းတုနဲ့ အဆက်အသွယ်ရှိလား မရှိဘူးလားဆိုတာ"

ကျန်းချင်းချင်းမှာ ခေတ္တမျှ တွေးတော‌လျက်ရှိကာ...
"ငါ့အဆင့်နဲ့ သူဌေးကို တွေ့ရဖို့ဆိုတာ ခဲယဉ်း‌ပေမယ့်...
နေဦး တစ်ခါတုန်းကတော့ ငါတို့ supervisor ပြောတာကြားဖူးတယ်
ကျန်းတု ငါတို့ကုမ္ပဏီကို လာတိုင်း သူဌေးက ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုတယ်တဲ့"

ထိုသို့ပြောပြီးမှ ကျန်းချင်းချင်းက သူ့ဟာသူ အတွေးပေါက်သွားခဲ့သလို။
"ဘုရားသိကြားမလို့......အခုမှ စဉ်းစားမိတယ်
ငါတို့ supervisor က တစ်ခြားသူတွေထက်စာရင် ငါ့အပေါ် ပိုပြီးကောင်းကောင်းမွန်မွန်ဆက်ဆံပေးတာတွေ အကုန်လုံးက ယွိကျန်းတုကြောင့်တော့ မဟုတ်ပါဘူးနော် ဟုတ်လား?"

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now