-37- (တမလွန်ဘ၀အတွက် အစီအစဉ်များ)

2.5K 516 19
                                    

(Unicode)

ဘုန်းတော်ကြီးကျင်းအနေဖြင့် အစောပိုင်းကတည်းက သံသယစစ စိတ်တွင်း၌ ရှိထားပြီးသော်လည်း လူကိုယ်တိုင်က မျက်စိရှေ့ ၀န်ခံလာချိန်တွင် သူ့မှာ မယုံကြည်နိုင်ဖြစ်နေရဆဲ။
လက်ထဲ၌ကိုင်ဆောင်ထားသော ကြေးခေါင်းလောင်း မြေပြင်ပေါ် လွတ်ကျသွားသည်နှင့်အတူ ခန္ဓာကိုယ်တွင်းက အားအင်အစုံကလည်း လေဟာပြင်သို့ လွင့်စင်ထွက်သွားခဲ့သလို ။ ကြေးခေါင်းလောင်း မြေပြင်သို့ကျ၍ ၀တ္ထုနှစ်ခုထိခတ်သွားသည့် ပဲ့တင်သံက နားစူးပေစွ။

"@$#&......ဘယ်...... $_@&#........ လို....... &@$@..........._ လို့ဖြစ်နိုင်မှာလဲ?"

ဘုန်းတော်ကြီးကျင်းမှာ မျက်စိရှေ့ရှိ မျက်စိကျိန်းလောက်အောင် ချောမောမှုတွေ ယိုဖိတ်နေတဲ့လူငယ်ကို ကြည့်ရင်း မျက်လုံးတို့ ပြူးကျယ်လာခဲ့ရသည်။
"မင်း...မင်းတို့ လိမ်နေကြတာ...
ဘယ်လိုလို့ လော့ဖုန်းတောင်ရဲ့ တစ္ဆေဘုရင်က.."

"စွမ်းအင် ချေးပေးမှာလဲ လို့ ပြောချင်တာမလား?"
ရှန်းချွယ့်က ၀င်ဖြတ်ပြောလိုက်သည်။

ကမ္ဘာပေါ်၌ တောက်ဓမ္မကျင့်စဉ် လိုက်စားသူ ဘုန်းတော်ကြီးပေါင်းမြောက်မြားစွာ ရှိပေ၏ ၊ ထိုနည်းတူစွာ မြောက်မြားစွာသော ဂါထာမန္တာန်များလည်း မှိုလိုပေါသောနေပေသည် ၊
သို့သော် ထို မြောက်မြားစွာသော မန္တာန်များ၏ တူညီသော အချက်က  နတ်ဘုရားများ သို့မဟုတ် တစ္ဆေများ သို့မဟုတ် သုံးလောကထံမှ  စွမ်းအင်ကို ချေးယူရပေသည်။
ဒီလုပ်ငန်းစဉ်က လက်ခံရသူ အဆင့်ပဲဖြစ်သော်ငြား ကိုယ်တိုင်က ကျင့်ကြံဆင့် အတော်အတန် ရောက်ထားကာ နတ်ဘုရား ၊ တစ္ဆေများအား ယုံကြည်ကိုးကွယ်သူ စစ်မှန်လျှင် မန္တာန်မှတစ်ဆင့် စွမ်းအင်ချေးယူဖို့ရာမှာ ခက်ခဲသော ကိစ္စရပ် မဟုတ်ပေစွ။

သို့သော် အခု ကိစ္စရပ်မှာတော့ ကိုယ်က ဘုန်းတော်ကြီးကျင်း ဖြစ်မနေဖို့တော့ လိုမှာပေါ့ ၊
ကိုယ် လုပ်ကျွေးပြုစုရတဲ့လူဆီကနေ တိုက်ရိုက်ငြင်းခံထားရတဲ့လူစားမျိုးလေ

လက်တွေ့ကျကျပြောရရင် ဘုန်းတော်ကြီးကျင်း ကိုယ်တိုင်ကိုကလည်း ကံအကျိုးပေး သိပ်မကောင်းသည့် ကိုယ်တော်မျိုး ၊

ခေတ်သစ် ငရဲသစ်//MM Translation//Место, где живут истории. Откройте их для себя