-14- (နှစ်လရှည်ကြာ ဒုံရင်းမြဲ ဒုံရင်းဆဲ)

2.7K 577 15
                                    

(Unicode)

လီထျန်းထျန်းမှာ အံ့ဩမှုပေါင်းတစ်သောင်းဖြင့် အချစ်ဆုံး သူငယ်ချင်းဖြစ်သူကို လှမ်းကြည့်လိုက်သည်။
အခုဖြစ်ပျက်နေသမျှက သူမအတွက် လိုက်မီဖို့ပင် ခဲယဉ်းနေ၏။
သို့နှင့် ချန်စစ်ယွီကိုမသိမသာ သွားတို့ပြီးနောက်
"အိမ်း.....အဲ့လောက်ကြီးကျ အပိုတွေ ကုန်ကုန်မယ်မလား"

လီထျန်းထျန်းမှာ ‌ခေတ်မှီအဆင့်အတန်းမြင့် ပညာရေးဖြင့် ပြီးစီးထားသည့် သူတစ်ယောက်....
ဘယ်လောက်ပဲ ဗေဒင်တွေ နက္ခတ်တွေအပေါ် ယုံကြည်သူဖြစ်နေပါစေ.....သည်းသည်းလှုပ်နေရလောက်တဲ့အထိတော့ မဟုတ်ချေ။
အနည်းဆုံးတော့ သူမဟာ ကိုယ့်မျက်စိရှေ့တင် ကောက်ကာငင်ကာကြီး ဈေးနှုန်းတင်လိုက်တဲ့သူတစ်ယောက်ဖက် ပါပေးနေရလောက်အောင်ထိ ရူးမိုက်မနေပါ။

သို့သော် ချန်စစ်ယွီမှာ အောက်နှုတ်ခမ်းကို ဖွဖွဖိကိုက်ရင်း
"နင်မသိဘူး.....ငါ့အဖေ အခုနောက်ပိုင်း အတော်လေးကို ချူချာလာနေတာ...."

လီထျန်းထျန်းက ဒီကိစ္စကို မသိထားတဲ့အတွက်ကြောင့် ထပ်ဆင့် အံ့ဩသွားခဲ့ရသည်။

ချန်စစ်ယွီတို့ရဲ့ မိသားစုအတွင်းရေးက ထင်သလို ရိုးစင်းမနေချေ
သူမရဲ့ အမေက အစောကြီးကတည်းက ဆုံးပါးသွားခဲ့ပြီး အဖေက နောက်အိမ်ထောင်ထပ်ပြုခဲ့သည်။
သူမရဲ့ မိထွေးက သားတစ်ယောက်တောင် မွေးထားလိုက်သေးသည်။

သူမနဲ့ ထိုမိထွေးသားအမိနဲ့ ဆက်ဆံရေးက မပြေလည်သော်ငြား သူမအဖေကတော့ တစ်ခုခုဆို သူမကိုသာ အလေးသာပေးခဲ့သည်။

ထို့အတွက်ကြောင့် မိသားစုထဲမှာဆိုလျှင် သူမနဲ့အရင်းနှီးဆုံးသူက သူမဖခင် ဆိုတာ ပြောနေစရာကို မလိုပါချေ......
ထိုသူက သူမဘ၀ထဲမှာ အရေးပါဆုံး လူတစ်ယောက်ပင်။

သို့သော် လွန်ခဲ့တဲ့ နှစ်လလောက်က စပြီး သူမ ဖခင်က ရုတ်တရက်ကြီး ကံဆိုးမိုးမှောင်ကြတဲ့ လူတစ်ယောက်အသွင် လုံးလုံးပြောင်းသွားခဲ့၏။
စီးပွားရေးလည်း ပျက်သုဉ်းလုနီးနီးဖြစ်သွားခဲ့ကာ ငွေအရင်းအနှီးမြောက်မြားစွာလည်း ဆုံးရှုံးသွားခဲ့သည်။
ဒီအချက်တွေနဲ့ ဆက်စပ်နေမလားတော့မသိပေမယ့် သူ့ရဲ့ ကျန်းမာရေးကပါ ဗုန်းဗုန်းလဲသွားခဲ့သည်အထိ ဖြစ်သွားခဲ့ရသည်လေ။
သူမအဖေက သူ့အချိန်တွေကို ဆေးရုံအသွားအပြန်နဲ့တင် ကုန်ဆုံးနေခဲ့ရသော်ငြား ဆေးရုံဖက်က သူ့ကျန်းမာရေးအခြေအနေအတွက် တိကျတဲ့ သုံးသပ်ချက်တစ်စုံတစ်ရာ ထုတ်မပေးနိုင်ကာ
ကိုယ်တွင်း သွေးအားနည်းကာ ချီ မတည်မငြိမ် ဖြစ်တာကြောင့်ဆိုတဲ့ ဝေဝေဝါးဝါး ရလဒ်ကိုသာ ထုတ်ပြောပေးခဲ့သည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now