-59.2-

1.5K 325 3
                                    

(Unicode)
ကုဟိုင်မှာ စိတ်အချဉ်ပေါက်လာရသည်။
သို့သော် သူ၏ စိတ်သဘောထားအား ကြိုးစား၍ ပြင်ဆင်ပြီးချိန်တွင် ရုတ်တရက် ထရယ်လာခဲ့၏။ သူက တမင် ရည်ရွယ်ချက်ရှိရှိနှင့် ထွက်ပေါက်တံခါးနားသို့ တိုးကပ်သွားလိုက်သည်။ ဒီလုပ်ရပ်ကြောင့် နားဆင်နေသူ အပေါင်းမှာ ပို၍ စိတ်ဝင်တစား ဖြစ်ကုန်ကြသည်။

၎င်းက အသံကို တမင်သိသိသာသာ မြှင့်ရင်း.....
"မင်းတို့ ကျောင်းတော်ကလည်း ရယ်ရတယ်....
ပထမတုန်းက သက်ကြီးရွယ်အိုတွေကို ဒီ အသုံးမဝင်တဲ့ပစ္စည်းတွေ လိမ်ရောင်းတယ်...
အခု အလိမ်တွေလည်း ပေါ်သွားရော ကိုယ့်အမှားကိုယ်လည်း ဝန်မခံရဲကြဘူး
အဲ့ဒီအစား ငါ့ကို သရဲနဲ့ တွေ့နေပါတယ်ဆိုပြီးတောင် လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးလိုက််သေးတယ်
ငါ့ဖက်က မင်းတို့တွေကို CPA(ဝယ်သူအခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးမှု အဖွဲ့အစည်း) ကို တိုင်လိုက်မယ် ဆိုရင်ရော....?"

သူ့စကားနောက်မှာ နားဆင်နေကြတဲ့ လူအုပ်ကလည်း တိုးတီးတိုးတီး ဆူညံကုန်ကြသည်။ နောက်မှ ရောက်လာလို့ အရှေ့ပိုင်းတွေ မမီလိုက်သည့် သူတွေကိုလည်း တဆင့်ရှင်းပြပေးတဲ့သူက ရှင်းပြနှင့်....

ကုဟိုင်စကားများ၏ လှုပ်ဆော်ပေးမှုအရ လူအုပ်မှာ တဖြည်းဖြည်းချင်းနဲ့ ဘက်လိုက်လာကြသည်။
ယင်းတို့ အကုန်လုံး ချင်းလျန် ကျောင်းတိုက်၏ အလုပ်အကျွေး ပြုစုကြသူများ ဖြစ်ကြသော်လည်း တောက်ဓမ္မဆရာတော်များ လာဘ်ပေးလာဘ်ယူလုပ်ခြင်းအမှုကိုမူ ပြင်းထန်စွာ ကန့်ကွက်ကြသည်။

တမဟုတ်ချင်းပဲ တစ်ဦးချင်း တစ်ယောက်ချင်းစီ၏ ယွမ့်ချင်အပေါ်ကြည့်နေကြသည့် မျက်ဝန်းများမှာ ပြောင်းလဲကုန်ကြသည်။

ဝူယွိပင်း၏ နဖူးပြင်မှာ ချွေးစတို့ စိုစွတ်လာ၏။
၄င်းက ရှေ့ထွက်ရင်း ကုဟိုင်အား ဖြောင်းဖြတော့မလို့ အလုပ်မှာ ယွိကျန်းတုက ကြားဖြတ်ဝင်လာခဲ့သည် ။

"လူကြီးမင်းကု....ကျွန်တော့်အမြင်ကိုပြောရမယ်ဆို အခုချက်ချင်း ကျွန်တော်တို့ လူကြီးမင်းအိမ်ကို သွားကြည့်လိုက်တာ ကောင်းမယ်...."

ခေတ်သစ် ငရဲသစ်//MM Translation//Onde histórias criam vida. Descubra agora