-12- (နတ်ဘုရားတို့၏ တိုက်ပွဲ)

3.3K 613 44
                                    

(Unicode)

ကုမ္ပဏီကို ပြန်ရောက်တော့ ယွိကျန်းတုလည်း ရုပ်သေးရုပ်ကို စစ်ဆေးကိုင်တွယ်ဖို့ရာ လက်ထောက်၀န်ထမ်းတစ်ယောက်ကို လွှဲပေးလိုက်သည်။
သူသိလိုက်ရသည်က ရုပ်သေးရုပ်ထဲရှိ ဝိဉာဉ်မှာကား မူလက မိဘမဲ့တစ်ယောက်ဖြစ်ခဲ့ပြီး တောက်ဓမ္မပညာရှင်တစ်ယောက်၏ အပနှင်ခြင်းအစီအရင်တွင် ကြားညပ်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေသွားတော့လည်း သူ၏ ဝိဉာဉ်မှာ ထိုတောက်ဓမ္ပပညာရှင်၏ အခိုင်းအစေအဖြစ် ချုပ်နှောင်ခြင်းခံခဲ့ရ၏။

ထွက်ပြေးလွတ်မြောက်လာတော့လည်း တောက်ဓမ္မဆရာအပေါ်ထားရှိတဲ့ အညှိုးတွေဖြင့် တစ်ခြားသူများထံ တစ်ပုံစံတည်း ပြန်လည်ပြုမူခဲ့ခြင်းဖြစ်သည်။
အညှိုးအတေးတွေ မပျယ်တာကြောင့် ဘ၀ကူးလို့လည်းမရဖြစ်ကာ လူ့ကမ္ဘာမှာတင် လေလွင့်မျောပါ ပိတ်မိနေခဲ့လေတော့သည်။

ဒီလိုအခြေအနေတွေကြားမှာ လော့ဖုန်းအနေနဲ့လည်း သူ့ကို ပြန်လည်ဝင်စားဖို့ စေခိုင်းလို့မရချေ။
သို့နှင့် အဆုံးသတ်မှာ သူ့ကို သင်ခန်းစာပို့ချပြီးတော့သာ လူသားများကို အန္တရာယ်မပြုဖို့ သတိပေး၍ ပြန်လွှတ်ပေးလိုက်ရတော့သည်။

********************

ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပမည့်ရာသီ နီးကပ်လာလေလေ
Starflicker လို့ခေါ်တဲ့ ပြည်နယ်တွင်းနာမည်ကြီး IT ပညာဆွေးနွေးရေး ဖိုရမ်ထဲက ပို့စ်တွေကလည်း အရေအတွက် များပြားလို့လာနေသည်။

ပို့စ်တော်တော်များများက သူတို့ရဲ့ thesis ကိုအ‌ဆုံးသတ်နိုင်ဖို့ စီနီယာများထံမှ အကူအညီတောင်းကြတဲ့ ပို့စ်တွေ ဖြစ်၏ ။
နည်းပညာ ဖိုရမ်တွေက များသောအားဖြင့် အခုလို ပို့စ်တွေမှာဆို စိုစိုပြည်ပြည်မရှိပဲ သိကျွမ်းနားလည်တဲ့ကျွမ်းကျင်သူများက များသောအားဖြင့် စိတ်၀င်စားဖို့ကောင်းတဲ့ မေးခွန်းမျိုးမဟုတ်ရင် ၀င်မဖြေပေးကြတာ များသည်။
အဲ့အတွက်ကြောင့်လည်း ပို့စ်တော်တော်များများက တင်တုန်းခဏပဲ နာမည်ကြီးပြီး အချိန်ခဏလေးအတွင်း ပြန်ပျောက်သွားတော့တာပင်။

သို့သော် လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကစပြီး ဖိုရမ်ပေါ်က ပို့စ်တစ်ခုက လူထုစိတ်ဝင်စားမှုကို အပြည့်အ၀ရရှိနေခဲ့လေသည်။
၎င်းပို့စ်နှင့်ဆက်စပ်ဆွေးနွေးနေကြသည်မှာလည်း အများအပြား...
တော်ရုံပို့စ်ဆို ကွန်မန့်၀င်မန့်လေ့မရှိသည့် ပညာရှင်များကပင် ထိုပို့စ်တွင်တော့ ၀င်ရောက်ဆွေးနွေးထားကြလေသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Opowieści tętniące życiem. Odkryj je teraz