-50- (နည်းပညာ၏ ဒိဗ္ဗစက္ခုဉာဏ်)

2.3K 426 6
                                    

(Unicode)
starflicker ဖိုရမ်ပေါ်တွင် နာမည်ကြီးများ မြောက်များစွာရှိသော်လည်း ရုပ်လွန်ပညာ၏ ဒိန်ခဲတုံးသုံးတုံးကသာလျှင် လူအများ၏ အာရုံ၀င်စားမှုကို ခံကြရသည်။
အခြေအနေအမျိုးမျိုး၏ တွန်းပို့မှုကြောင့် လန် ၊ အိုဇုန်း နှင့် အဆိုတော် သုံးယောက်တို့၏ မျက်နှာဖုံးများမှာ ကွာကျသွားခဲ့၏။
အစောပိုင်း၌ တစ်ယောက်စ နှစ်ယောက်စ ခန့်မှန်းထားခဲ့ကြပြီး ထိုခန့်မှန်းထားသည့်အထဲတွင် ဘုံလာတူနေသည့် တစ်ခုတည်းသော အရာကတော့ ဒီပုဂ္ဂိုလ်သုံးဦးမှာ ၎င်းတို့၏ ဉာဏ်ပညာနှင့်စပ်လျဉ်းရသော် ကျိန်းသေပေါက် ကုမ္ပဏီအကြီးစားတစ်ခု၌ အလုပ်လုပ်နေမည်ဟူသည့်အချက်ပင်။
ထိုအထဲမှ တော်တော်များများက Cosmic စက်ရုံကိုထည့်သွင်းစဉ်းစားထားခဲ့ဖူးသော်လည်း ကျောက်ရှန်းလန် ကိုယ်တိုင်ဖြစ်နေလိမ့်မည် ဆိုတာတော့ မသိခဲ့ပါ။

မည်သူ ထင်ထားခဲ့ပါမည်နည်း ယနေ့ အခမ်းအနားတွင် ၎င်းတို့သုံးဦးသား၏ မျက်နှာဖုံးနောက်ကွယ်က မျက်နှာအစစ်များအား သိရှိနိုင်လာလိမ့်မည်ဟု။
နည်းပညာလောကကဲ့သို့ အရည်အချင်းကိုသာ ပစားပေးသောနေရာမျိုးတွင် ဤ အဖြစ်အပျက်က ပွဲတော်သဖွယ်။

မီဒီယာများသည်ပင် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ နည်းပညာအကြောင်း နားလည်သည်ဖြစ်စေ နားမလည်သည် ဖြစ်စေ...
ဤအခိုက်အတံ့က တကယ့်ကို ထီပေါက်ချဲပေါက်သကဲ့သို့....
ကင်မရာများအားလုံး ကျောက်ရှန်းလန် ၊ ကျောက်ရော့လားနှင့် ယွိကျန်းတု သုံးယောက်သား ပေါ်၌သာ ချိန်ထားခဲ့ကြသည်။
အချို့ဆိုလျှင် ၎င်းတို့၏ ဖုန်းကိုထုတ်၍ သတင်းခေါင်းကြီးပိုင်းထဲသို့ သူ့ထက်ငါအရင် အမြန်ရောက်နိုင်အောင် အချိန်နှင့်တပြေးညီ အရေးကြီးသတင်းတစ်ရပ် တင်ပြရသလို အပြေးအလွှား ပို့စ်သွားတင်ကြ၏။

ကျောက်ရော့လားက မျက်ခုံးတစ်ဖက်ပင့်ရင်း ပြုံးလိုက်ကာ
"အဆိုတော် ကိုယ်တိုင်ပါ ပွဲခင်းထဲ ရောက်နေခဲ့လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး..
အခု ဒီလိုဖြစ်သွားမှတော့ အဆိုတော်ကို စင်ပေါ် ဖိတ်ခေါ်ပြီး အခုတင် သူဆွေးနွေးပြသွားတဲ့ အကြောင်းအရာတွေအကြောင်း ဟောပြောခိုင်းမယ်ဆို အဆင်ပြေလောက်မလား?"

ခေတ်သစ် ငရဲသစ်//MM Translation//Wo Geschichten leben. Entdecke jetzt