-60- (အပန်းဖြေဥယျာဉ်မှ စတော့ရှယ်ယာများ ၀ယ်ယူခြင်း)

1.7K 348 14
                                    

(Unicode)
ကုဟိုင်၏ အမူအကျင့်များ ရုတ်ချည်းပြောင်းသွားခဲ့ခြင်းက ဝူယွိပင်းတစ်ယောက်ထဲကိုပဲ အံ့အားသင့်သွားစေခဲ့တာ မဟုတ်ဘဲ ရုတ်ရုတ်သဲသဲနှင့် အုပ်စုလိုက်ကြီး စပ်စုနေခဲ့သည့် အဖွဲ့ကိုပါ ဇဝေဇဝါ ဖြစ်သွားစေခဲ့ရသည်။

ဖြစ်ချင်တော့ ကျောင်းဆောင်ထဲက တစ်ချို့ကိုယ်တော်များနှင့် ရင်းနှီးသည့်သူက တစ်ဆင့်စကား မေးကြားရင်းနဲ့ ပြဿနာ ပြေလည်သွားပုံကို သိရှိသွားခဲ့ကြရသည်။

အဖြစ်အပျက်၏ အရင်းအမြစ်မှာ ကုဟိုင်၏အမေဖြစ်သူ အများက ခေါ်ကြသည့် အဘွားကု ဆိုသူမှာ
သူ၏ အိမ်၌ တစ်ခုခုမူမမှန်သည်ကို ခံစားနေရသည် ဆိုသည့် အချက်ကြောင့် မြေအောက်လောကစွမ်းအင်သန့်စင်ရေးကိရိယာကို ၀ယ်ယူဖို့ရန် ဆွဲဆောင်ခြင်းခံလိုက်ရသည်။

အဘွားအိုမှာ ဘာသာတရားကိုင်းရှိုင်းသူ တစ်ယောက် ဖြစ်သည့်အပြင် ဘာသာရေးနှင့်ပတ်သတ်သည့် ကိစ္စများတွင်လည်း အခြားသာမန်လူများထက် ပို၍ အယူသည်းလေ့ရှိသည်။
သူမ အနေဖြင့် အခုလို အဖြစ်အပျက်မျိုးနှင့် မတော်တဆ လာကြုံရလိမ့်မယ်လို့လည်း မထင်မှတ်ထားမိခဲ့ချေ။

အဘွားကုမှာ ချင်းလျန်ကျောင်း၌ ရင်းနှီးနေကျ မျက်နှာတစ်ခုဖြစ်ပြီး ကျောင်းသို့ မကြာခဏ လာတတ်သူများ၏ မိတ်ဆွေဟူ၍လည်း ဆိုနိုင်သည်။
သူမက နာမည်ကောင်းနှင့် ကျော်ကြားသူဆိုလျှင်လည်း မမှားချေ။

သူ့မိသားစု၏ အခုပြဿနာ ပေါ်ပြီးသွားသည့်နောက်တွင် လူတော်တော်များများက လွယ်လွယ်နှင့် လက်ခံသည့်ဖက်၌ အလေးပိုကုန်ကြသည်။
ထို့အပြင် ဤအဖြစ်အပျက်၌ မျက်မြင်သက်သေအနေဖြင့် ကျောင်းသို့ သင်ခန်းစာလာရောက် နားကြားသူများကလည်း ထပ်တိုးပါ၀င်သွား၏။

တစ်ယောက်ချင်းစီက ကျောင်းမှအပြန် မြို့အသီးသီးသို့ ပြန်ကြချိန်မှာ တစ်ယောက်စကား တစ်ယောက်နားမှ
ကျောင်း၌ ဖြစ်သွားခဲ့သည့် အရှုပ်တော်ပုံကြီးက ပျံ့နှံ့သွားခဲ့သည်။

ထိုအထဲက ငွေရှိလူတန်းစားတစ်ချို့မှာမူ ယုံတာ မယုံတာထက် trend တစ်ခုလိုပဲ သူ၀ယ်လို့ ငါလည်း ၀ယ်ဦးမယ်ဆိုတာမျိုး ဖြစ်ကုန်ကြကာ
သန့်စင်စက်များကို ၀ယ်ယူကုန်ကြ၏။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now