-57.1- (အထီးကျန်ဖွယ် လော့ဖုန်းတောင်)

1.7K 384 10
                                    

(Unicode)
လော့ဖုန်း ပန်းခြံပါတီသည် ကျုံးယွမ်ပွဲတော်ရက် တစ်လျှောက်လုံး ကျင်းပဖြစ်ခဲ့ပြီး လစန္ဒြာပြက္ခဒိန်၏ ခုနစ်လမြောက် ၁၅ ရက်နေ့ သန်းခေါင်ယံအချိန် ကျော်သွားသောအခါ တစ္ဆေရာချီဟာလည်း ငရဲသို့ ပြန်သွားရပြီး တစ္ဆေပွဲတော်သည်လည်း တရား၀င် ပြီးဆုံးသွားခဲ့တော့သည်။

သို့သော် လက်တွေ့တွင် တစ္ဆေများအတွက် ရည်ရွယ်ပြီး လုပ်ထားသော ပွဲက အမှန်တကယ် စည်ကားနေခဲ့ခြင်းမှာ လူသားများကြောင့်ပင်။

ပထမဦးဆုံးအချက်အရ သူငယ်ချင်းအချင်းချင်း လက်တို့ဖြန့်သည့် ပွဲခင်းအတွင်းက ဓာတ်ပုံတွေ ဇာတ်လမ်းတွေ အကြောင်းအရာတွေက ထိန်းမနိုင်သိမ်းမရလောက်အောင် ပျံ့နှံ့သွားခြင်း။

ဒုတိယအချက်အနေဖြင့် ကောက်တွေ့တွေ့၏ live stream ကလည်း နာမည်ကြီးသွားသေးသည့်အပြင် သူ၏ တစ္ဆေတစ်ကောင်နှင့် တည့်တည့်တိုးခဲ့ပုံ ဖြစ်ရပ်ကလည်း လူအများကြား သတင်းတစ်ရပ်နှယ် ဖြစ်သွားခဲ့သည်။

ထိုသို့ ထိုပုံ ဖြင့် ဖူမြို့ ပြင်ပရှိ သူများ အနေနှင့်ပါ ဤ ခမ်းနားကြီးကျယ်လှသော ပန်းခြံပါတီအကြောင်း သိရှိသွားခဲ့ကာ
တစ္ဆေပွဲတော်ရက်အပြီး နောက်ရက်တွေတွင်လည်း အားလုံးက မရရတဲ့အချိန်လေး ဖဲ့ယူပြီး ပွဲတော်ကျင်းပရာ နေရာဆီ လာကြည့်ကြတော့သည်။
အချို့ဆိုလျှင် နေ့ချင်း လေယာဉ်ဖြင့်ပါ ဘွတ်ကင်ယူ လာလည်ကြသူတွေပင် ပါ၏။

အဆုံး၌ လော့ဖုန်းမှာ အခြားရွေးချယ်စရာမရှိတော့ဘဲ လာရောက်လည်ပတ်သူအရေအတွက်ကိုသာ ကန့်သတ်လိုက်ရကာ ပွဲခင်းအခမ်းအနားအား ဆက်လက်ဖွင့်ထားပေးလိုက်ရတော့သည်။
သေချာပါက် လုပ်သားအသစ်တွေလည်း ထပ်ခန့်ရတယ် ဆိုပါတော့...
အဲ တစ္ဆေလုပ်သား ပြောပါတယ်....

ပန်းခြံပါတီအား အပြေးအလွှား လာရောက်လည်ပတ်ကြသူများမှာ အလာကြီး လာပြီးကာမှ အပေါက်၀ ရှေ့၌ တားဆီးခံရသည့်အဖြစ်ကို ရောက်ရှိသွား၏။ သို့သော် ၎င်းတို့အနေဖြင့် အတွန့်ပြန်တက်လို့ရသည့် အနေအထားမျိုးလည်း မဟုတ်ချေ။

အင်တာနက်ပေါ် ကျက်စားနေကြသည့် သူများကလည်း ပန်းခြံပါတီ၏ အတွင်းသတင်းများကို အမှုန်ကအစ မြေကြီးအဆုံးထိ တူးဖော်ရှာဖွေထားပြီး ဖြစ်သည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now