-68- (ကြိုပြီး မြင်တွေ့ခွင့်ရလိုက်တဲ့ အနာဂတ်ဖြစ်ရပ်လေး)

1.4K 312 5
                                    

(Unicode)
လူငယ်လေး ဖန်းလီတစ်ယောက် သေရွာမှ ပြန်လာသည့် ဖြစ်ရပ်က ဆေးရုံ တစ်ခုလုံးအား ပွက်လောရိုက်သွားစေခဲ့သည်။ ဆေးရုံမှာ ရှိရှိသမျှသော ဆေးပညာပါမောက္ခတွေ စုစည်းပြီး ဆွေးနွေးပွဲ လုပ်လိုက်ရတဲ့အထိကို သက်‌ရောက်မှု အားကောင်းလှပေသည်။

ဆွေးနွေးပွဲအဆုံးမှာတော့ လူနာဖန်းလီက အလုံးစုံ ပြန်ကောင်းသွားပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်ရတော့သည် ။ ခန္ဓာကိုယ်ကတော့ ကိုယ်ခံအား အနည်းငယ် ယုတ်လျော့နေဆဲဆိုသော်လည်း ရုတ်တရက် ဖြစ်ပေါ်ခဲ့သည့် ဖျားနာမှုကြီးမှာတော့ အပြီးသတ် ပျောက်ကွယ်သွားခဲ့ချေသည်။

‌ဆေးရုံ အကြီးပိုင်း သမားတော်ကြီးပင် ၎င်း၏ ဆေးပညာအသိကို ကျော်သွားရသည့် အလား နားမလည်နိုင်ဖြစ်နေခဲ့ရကာ သွေးကြောလည်ပတ်မှုများ ၊ ကိုယ်တွင်းအင်္ဂါစစ်ဆေးမှုများ အစုံအလင် လုပ်ကြည့်ပြီးသည့်နောက်တွင်တော့ ဖန်းလီ၏ အဖြစ်အား " အယောင်ဆောင် သေဆုံးခြင်း" အဖြစ်ပဲ သတ်မှတ်လိုက်တော့သည်။

ဖန်းလီ၏ မိဘများအတွက်မူ ရောဂါ အခြေအနေ အကြောင်းအရင်းများ , မည်သို့ခေါ်ဆိုပုံ‌ ခေါ်ဆိုနည်းတွေက အရေးမကြီး၊ အရေးကြီးသည်က ၎င်းတို့၏ သားဖြစ်သူ အသက်ပြန်ရှင်လာသည်ကသာ အဓိကပင်။

သို့ရာတွင် ဖန်းလီတစ်ယောက် နိုးထပြီး ရက်အနည်းငယ်အတွင်း၌ အသစ်ကြုံလာရသည့် လက္ခဏာများမှာ မှတ်ဥာဏ်များ ဝေဝါးနေမှု ဖြစ်သည်။ ၎င်းက သူ သတိမေ့နေသည့် ကာလအတွင်း မက်ခဲ့သည့် ထူးထူးဆန်းဆန်း အိပ်မက်များအကြောင်း ပြောပြလာခဲ့သည်။ ဝမ်းနည်းဖို့ကောင်းတာ တစ်ခုက ထို ထူးထူးဆန်းဆန်း အိပ်မက်များအား ရေရေရာရာ မမှတ်မိပါဘဲ တစ်ချို့ပုံရိပ်များကိုဆိုလျှင် စကားနှင့်ပင် မဖော်ပြတတ် ဖြစ်နေခဲ့ရသည်။ ရံဖန်ရံခါတွင် ရူးကြောင်ကြောင်လုပ်ရပ်များလည်း ထလုပ်တတ်သေးသည်။

ဥပမာ ကိုယ့်မျက်လုံးတွေကိုယ် နှိုက်ထုတ်ကြည့်နေတာမျိုး။

ဒီအခြေအနေအတွက်လည်း ဆေးပညာနှင့် အဖြေရှာကြည့်လို့မရပြန်ပေ။သို့နှင့် ဆရာဝန်တွေက ထပ်ပြီး ဒီလက္ခဏာတွေကို အာရုံကြောဆိုင်ရာ ဖောက်ပြန်ခြင်းတစ်မျိုး ဟူ၍ပဲ သမုတ်လိုက်ကြပြန်သည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now