-82- (တစ္ဆေဘတ်စ်ကား)

845 221 12
                                    

(Unicode)

မသိသာ မပေါ်လွင်အောင် ဟန်ဆောင်ရင်း ယွိကျန်းတုက အသံနူးနူးညံ့ညံ့ဖြင့် အဘိုးအိုအား တိတ်တဆိတ် မေးကြည့်လိုက်ရသည်။

"အဘိုး ဒီကားက တစ္ဆေဘတ်စ်ကားကြီးမှန်း ဘယ်လိုလို့ သိတာလဲ?"

အဘိုးအို၏ နှုတ်ခမ်းမွေးများပင် လှုပ်ခါနေလျက်။
"ကားပေါ်တက်လာတဲ့သူတိုင်းက ကားခကို စာရွက်အဝါတွေ ပေးပြီး ရှင်းနေတာ တွေ့တယ်"

ယွိကျန်းတု :"............."

ဒီပုံအတိုင်းဆိုရင်တော့ မြေအောက်လောကအတွက် ငွေလွှဲနည်း အသစ်တွေ ထွင်ပေးမှ ရတော့မယ် ထင်တယ် စာရွက်အဝါတွေကို ရေရှည်သုံးနေရင် မလွယ်ဘူး.....

သူ သိလိုစိတ်ဖြင့် မေးကြည့်လိုက်သည်။
"အဘိုး ဒီကားပေါ်ကို ဘယ်လိုရောက်လာတာလဲ?"

အဘိုးအိုကိုယ်တိုင်ကလည်း ဇဝေဇဝါ ဖြစ်နေဟန်ပေါ်သည်။

"ငါလည်း ဘာဖြစ်သွားမှန်း မသိပါဘူး...ပုံမှန်လိုပဲ ဈေးသွားပြီး လိုအပ်တာတွေ ၀ယ်ခြမ်းပြီးတော့ အိမ်မပြန်ခင်ကို ပန်းခြံကို တစ်ပတ် ပတ်လိုက်တာ
ပြီးတော့ အိမ်ပြန်ဖို့ ဘတ်စ်ကား တက်စီးခဲ့လိုက်တာပဲ ဒီလို အဖြစ်ဆန်းကြီးမျိုးနဲ့ တွေ့ရမယ်လို့ ထင်တောင် မထားဘူး"

ယွိကျန်းတုလည်း သူ့ခြေထောက်အောက်ဘေးနေရာကို ကြည့်လိုက်ချိန် အဘိုးပြောသလိုပါဘဲ ဈေးထဲမှ ၀ယ်လာသည့် အခြောက်အခြမ်းများ အထုတ်လိုက် ရှိနေသည်ကို မြင်လိုက်ရသည်။

သူ့အနေဖြင့် တစ်ခုခုကတော့ လွဲချော်နေပြီဟု မှန်းဆမိ၏။တကယ်သာ ပုံမှန်အတိုင်း ဈေး၀ယ်ထွက်ပြီး အိမ်ပြန်ဖို့ ဘတ်စ်ကား တက်စီး
ခဲ့တာ မှန်ရင် အခုကားပေါ် ရောက်နေစရာအကြောင်းမရှိချေ။

သို့ရာတွင် နေရာမှာ ထိုင်ရင်း စဉ်းစားကြည့်ရုံလောက်နှင့် သင့်တော်သည့် ဖြေရှင်းချက်တစ်ခုကို ရှာမတွေ့ပါလေ။ သို့နှင့် သူလည်း အဘိုးအို၏ လက်ကောက်၀တ်အား ငြင်သာစွာ ပွတ်သပ်ပေးလိုက်ပြီးနောက် အသံကို တတ်နိုင်သမျှ နှိမ့်၍ ပြောလိုက်၏။

"ကြောက်စရာ မလိုဘူး သိလား...ကျွန်တော်တို့ လုပ်ဖို့လိုတာဆိုလို့ ခဏနေ ဘတ်စ်ကား ရပ်တဲ့အခါ မသိချင်ယောင်ဆောင်ပြီး အသာလေး ဆင်းနေခဲ့လိုက်ရုံပဲ...
လမ်းတစ်၀က်မှာတင် ခုန်မချကြရအောင်ပါ"

ခေတ်သစ် ငရဲသစ်//MM Translation//Tahanan ng mga kuwento. Tumuklas ngayon