-33- (၀မ်းဗိုက်တွင်း ကျက်စားသော တစ္ဆေငယ်)

2.5K 520 39
                                    

(Unicode)

၀မ်းဗိုက်တွင်းရှိ ဤဝိဥာဥ်သည် ရှေးခေတ်ရိုးရာ အောက်လမ်းနည်းအတတ်ပညာတစ်မျိုးနှင့် ခပ်ဆင်ဆင် တူသည်။
တရုတ်ပြည် နေရာတော်တော်များများတွင် အလွန်အင်မတန်မှ ထင်ပေါ်ကျော်ကြားခဲ့သော်လည်း
၎င်းအတတ်ပညာသည် မကောင်း‌ဆိုးဝါးစွမ်းအင်များသာ ဖြစ်သောကြောင့် ထိုအောက်လမ်းနည်းကို သုံးစွဲသူများသည် အသေဆိုးဖြင့် သေဆုံးကြရသည်။
ဤသို့ ဤပုံဖြင့် ထိုအောက်လမ်းနည်းသုံးစွဲသူများ နည်းပါး ပျောက်ကွယ်လာကြရတော့၏။

ကောင်းယွင်၏ ၀မ်းဗိုက်အတွင်း၌ ဤကဲ့သို့သော ၀မ်းတွင်းဝိဥာဥ်မျိုး ရှိနေခဲ့လိမ့်မည်ဟူ၍ မည်သူမျှမထင်မှတ်ထားခဲ့ကြချေ။

တစ်ခုရှိသည်က သူမ ၀မ်းဗိုက်အတွင်းရှိအရာကို ဝိဉာဉ်ဟုသာ သုံးနှုန်းလိုက်တာ
တကယ်တမ်းကျ ၎င်းဟာ တစ္ဆေတစ်ကောင်သာ။

အခြေခံအားဖြင့် ဤကဲ့သို့သော ‌အောက်လမ်းနည်းပညာတွင်
မကောင်းဆိုးဝါးတစ္ဆေတစ်ကောင်ကို သက်ရှိလူသားတစ်ယောက်၏ ၀မ်းဗိုက်အတွင်း ထည့်သည့် ပညာရပ်မျိုး ပါဝင်ပေသည်။
ထိုကဲ့သို့ ထည့်လိုက်ချိန်တွင် ၎င်းတို့ကို ၀မ်းတွင်းတစ္ဆေ ဟု ပြောင်းလဲခေါ်ဆိုကြသည်။
၎င်းတို့က အနာဂတ်ကိုလည်း ခန့်မှန်းနိုင်သကဲ့သို့
လာဘ်လာဘလည်း တိုးပွားစေနိုင်ကာ
တိုက်ရိုက်ပြောရလျှင် ရှေ့ဖြစ်ဟော နတ်၀င်သည် အသွင်မျိုးဖြင့် စေခိုင်းနိုင်ပေ၏။

ဤဝိဉာဉ်များကို သက်ရှိခန္ဓာကိုယ်များထဲသို့ ထည့်သွင်းရခြင်း အကြောင်းပြချက်များစွာရှိလှသည်။
၎င်းတို့ထဲမှ အထင်ကရအဖြစ်ဆုံးမှာ ပရုတ်-မိုးမခ အစီအရင်၌ အသုံးပြုကြလေ့ရှိသည်။
ပြုလုပ်နည်းမှာ ပရုတ်ဆီ သုတ်လိမ်းထားသော မိုးမခပင်အသားကို လူရုပ်သဏ္ဍာန်ထုထွင်း၍ ခိုးယူလာသောကလေးငယ်တစ်ယောက်၏ ဝိဉာဉ်ကို ထိုအရုပ်ထဲသို့ ထည့်သွင်းပိတ်လှောင်ပစ်သည့် နည်းဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ သက်ရှိလူသားများကို စတေး၍ ၎င်းတို့ကို အတင်းအကြပ် ရှေ့ဖြစ်ဟောခိုင်းသည့် လုပ်ရပ်မျိုးက ရက်စက်လှပေ၏။
ဒီအကြောင်းပြချက်ကြောင့်ပဲ စီရင်သူဟာ လုံလုံလောက်လောက် ကျွမ်းကျင်မှုမရှိလျှင် သူ့အတတ်သူ ပြန်စူးတတ်ပေသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now