-73- (အပ်ပေါက်လည်ချောင်း ဆာလောင်မွတ်သိပ်တစ္ဆေ)

1.3K 300 22
                                    

(Unicode)

မီနန် ပြန်လည်ဝင်စားရေးစုရပ်၌ ပရိုမိုးရှင်းဆင်းရာတွင် ကြုံတွေ့ရသည့် ပြဿနာများကို ဖြေရှင်းပြီးသောအခါ ယွိကျန်းတုက ရှန်းချွယ့်ထံ အလုပ်မှ ခွင့်ယူလိုသည့်အကြောင်း အကျိုးအကြောင်း ပြောပြဖြစ်သည်။

"သူဌေး ကျွန်တော် ကုမ္ပဏီကို စီစဥ်ထားတာထက် နှစ်ရက်လောက် နောက်ကျပြီးမှ ပြန်‌ဖြစ်မှာမို့လို့ အဲ့တာ ခွင့်လေး လိုချင်လို့"

ရှန်းချွယ့်က မျက်မှောင် ကြုတ်မိသွား၏။
'ပြဿနာ တစ်ခုခု ရှိလို့လား"

" တက္ကသိုလ်တုန်းက ကျွန်တော်နဲ့ တစ်ခန်းတည်းကသူငယ်ချင်းက မီနန်မှာ မင်္ဂလာဆောင်မလို့တဲ့လေ အဲ့တာကျွန်တော့်ကို လာပေးဖို့ ဖိတ်ထား‌သေးလို့"

ဖြစ်ပုံမှာ ၎င်း၏ အခန်းဖော်သူငယ်ချင်းများထဲမှ တစ်ယောက်က မီနန် ဇာတိ ဖြစ်နေခဲ့သည်. ထို့အတွက် မင်္ဂလာဆောင် ကိုလည်း သူ့မွေးရပ်မြေမှာပဲ လုပ်ဖြစ်သွား၏။ ဖူမြို့နှင့် မီနန် အကွာအဝေးက ဝေးဝေးလံလံ ဖြစ်နေသည်မို့ မင်္ဂလာသတို့သားက အားနာတာနှင့် အခန်းဖော်များကို တကူးတက မဖိတ်ဖြစ်ခဲ့ချေ။ အစပိုင်း စီစဥ်ထားပုံအရဆိုလျှင် သူကိုယ်တိုင် ဖူမြို့ပြန်ရောက်မှပဲ သပ်သပ် ကျွေးမွေးဖို့ ရည်ရွယ်ထားသည့်ပုံ။

သို့ရာတွင် ‌ရှေ့ရက် အနည်းငယ်ကမှ သူငယ်ချင်းတွေ ဂရုချက်ထဲမှာ စကား လက်ဆုံကြမိကြပြီး ယွိကျန်းတုက အလုပ်ကိစ္စဖြင့် မီနန်သို့ ခရီးထွက်လာခဲ့ရသည့်အကြောင်း သိရှိသွားခဲ့သည်။

သို့နှင့် ယွိကျန်းတုကိုပဲ တစ်သီးတစ်သန့် ဖိတ်စာ လှမ်းပို့လိုက်လေ၏။ ယွိကျန်းတုလည်း မြို့ကို ရောက်နေလက်စနဲ့တော့ ပွဲကို မသွားဘဲ မနေသင့်ဟု ယူဆလိုက်သည်။ ထို့အတွက် ပြဿနာများ ဖြေရှင်းပြီးနောက်မှာ ရှန်းချွယ့်ထံမှ ခွင့်တောင်းလိုက်ရခြင်းပင်။

ရှန်းချွယ့်လည်း ဖြစ်ကြောင်းကုန်စင်ကို ကြားလိုက်ပြီးနောက်မှာ ချက်ချင်း မတုံ့ပြန်မိ။ထိုအစား ယွိကျန်းတုအား အကြည့်စူးစူးတို့နှင့် ခြေဆုံးခေါင်းဆုံး စစ်ဆေးကြည့်နေလေသည်။ ထို့နောက်မှာ အကြောင်းပြချက် မထင်ရှားသော်လည်း မေးခွန်းလား တစ်ကိုယ်တည်း ‌ရေရွတ်သံလား မသဲကွဲသော စကားမျိုး ပြောလာလေသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now