-47- (သိပ္ပံနည်းကျ ကျင့်ကြံရေး)

2.4K 517 49
                                    

(Unicode)
ကျန့်မိသားစုနေအိမ်မှာ အလုံးစုံအမှောင်ကျလျက်သားရှိနေပြီး အေးစက်စက်လေငွေ့တို့ လုံးထွေးရောယှက်နေခဲ့ကာ ခြေဖဝါးအောက်က မြေကြီးပါ တုန်လှုပ်လာရသောကြောင့် ရှိနေသူအားလုံးမှာ ကြောက်အားလန့်အားဖြစ်သွားခဲ့ရသည်။

ကျန့်တန် လွှတ်ပေးလိုက်သည့် မျောက်လွှဲကျော်မှာ ခြိမ်းခြောက်ခံရသည့် ဓားစာခံနှယ် အဆက်မပြတ် မြည်ဟီးလျက်ရှိသည်။
မျောက်လွှဲကျော်မှာ ‌ဗီဇအရ ရက်စက်ကြမ်းကြုတ်သော်ငြား ဉာဏ်ပညာပိုင်းတွင် အဲ့လောက်မဟုတ်။ ၎င်းတို့သည်  တိရစ္ဆာန်ဉာဉ်အပေါ်၌သာ မှီခိုနေရသူများဖြစ်တာကြောင့် ယခုအခြေအနေ‌တွင် အသိစိတ်လွတ်ကာ အခန်းတွင်း ကမူးရှူးထိုးပတ်ပြေးနေပြီး သွားများကလည်း အံကိုကြိတ်၍ တံခါးများကို တဂျစ်ဂျစ်လိုက်ခြစ်နေခဲ့သည်။
မူလက နီရဲစိုရွှဲနေသော မျက်လုံးများကလည်း အရည်တလဲ့လဲ့။

တစ်မိသားစုလုံး တောက်ဓမ္မဆရာ့ဆရာတော်ကြီး‌များစုနေကြရာ ဖြစ်သော်လည်း ယခုအခါတွင် အံ့အားသင့်လို့ မဆုံးဖြစ်နေခဲ့ကြသည်။
ကျန့်တန်က သူ၏ ရှစ်ချင်းသွယ်ကြေးမုံကို အပြင်သို့ထွက်ရာ တံခါးပေါက်သို့ ချိန်လိုက်၍ အကုန်လုံးကြားနိုင်မည့်အသံဖြင့် အော်ဟစ်လာခဲ့သည်။
"ဦးလေးတို့ ၊ သတိထားကြနော်
မကောင်းတဲ့အရာတစ်ခုခု ချဉ်းကပ်လာတာကို အာရုံခံစားမိတယ်"

ထိုအခါမှ ကျန်သောသူများမှာလည်း အသိပြန်ကပ်ကြတော့သည်။ ကျန့်တန်၏ စကားက မှန်ပေ၏။ ဤမျှလောက် များပြားသော မကောင်းဆိုးဝါးစွမ်းအင်များကို သူတို့အနေဖြင့် ရှေးဟောင်းကျင့်ကြံရေးစာအုပ်များတွင် မှတ်တမ်းတင်ထားသည်ကိုသာ မှတ်သားဖူးပါသည်။

ရှေးဘိုးစဉ်ဘောင်ဆက်က ရေးသားခဲ့သော စာအုပ်များထဲတွင်သာ ပါ၀င်သောကြောင့် နှောင်းပိုင်းမျိုးဆက် ဆက်ခံသူများအနေဖြင့် စာတွေ့သာ ရင်းနှီးဖူးသည်။
ဤမျှလောက် အဖြစ်အပျက်မျိုး မျက်မြင်ကြုံဖူးဖို့ မပြောနှင့် ၊ မြို့သူမြို့သားများပါးစပ်ဖျားတွင်ပင် ပြောစမှတ်တွင်စဖွယ် ယုံတမ်းပုံပြင်မျိုး ပျောက်ကွယ်သွားသည်မှာ ရာစုနှစ်ချီနေပေ၏။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now