-19- (တစ္ဆေဘုရင်အား ဖိတ်ကြားခြင်း)

2.9K 603 51
                                    

(Unicode)

သူ ဘယ်လိုနည်းနဲ့ တစ္ဆေတစ်ကောင်ကို ဆင့်ခေါ်မိသွားရတာလဲ?

ယွိကျန်းတု သူဌေးဖြစ်သူကို မေးကြည့်ချင်သွားသည်။ တစ္ဆေတွေဆီကနေ စွမ်းအင်ချေးတယ်ဆိုတဲ့ ကိစ္စက ဘယ်လို ဖြစ်သွားရတာလဲလို့ ......
ဘာလို့သူက တစ္ဆေနှင်ရမယ့် အစား တစ္ဆေကိုပါ ဆင့်ခေါ်မိသွားရတာလဲလို့......

သို့သော် အခုအခိုက်အတံ့က ထိုမေးခွန်းတွေမေးနေရမယ့် အချိန်မျိူးမဟုတ်ပါလေ။

အခုရောက်လာတဲ့ တစ္ဆေရဲ့ ပြုမူပုံတွေက မြင်ဖူးနေကျ တစ္ဆေတွေလို ကောင်းမယ့်ပုံမပေါ်။။

သို့နှင့် ယွိကျန်းတု အလျင်စလို မေးလိုက်ရသည်။

[အခု အရေးကြီးတာက ဒီတစ္ဆေကို ဘယ်လို ပြန်နှင်ထုတ်ရမလဲ]

ရှန်းချွယ့် : [ မင်း ခေါ်လိုက်တဲ့ တစ္ဆေက အလုပ်အကျွေးပြု တစ္ဆေဖြစ်နေလောက်မှာဆိုတော့ မင်း အမိန့်ပေးတာကို နာခံလောက်တယ်.... မင်း သူ့ကို တစ်ခုခုလုပ်ခိုင်းချင်တာရှိရင် အမိန့်သာ ပေးလိုက်]

ယွိကျန်းတု ခေတ္တမျှ ရပ်တန့်ပြီးနောက် ထပ်မံမေးမြန်းလိုက်၏။
[အဲ့လို ကိစ္စကောင်းတွေလည်း ရှိသေးတယ်လား?]

သူ့ဖက်က ရှန်းချွယ့် ဘယ်လိုဖြစ်နေလဲ ဆိုတာတွေကို တစ်စက်ကလေးမှ မရိပ်စားမိပါ။
အချိန်လေးနည်းနည်းဟပြီးကာမှ ပြန်စာ ရောက်ရှိလာခဲ့သည်။

[မင်းသူ့ကို ဆင့်ခေါ်လိုက်တာက ငါ့ရဲ့ အမှတ်အသားနဲ့လေ....]

သူ ဘာလို့မှန်းမသိ ဒီ အဆုံးအစ မရှိတဲ့ ပြန်စာနောက်ကွယ်မှာ ရှန်းချွယ့်က ဒေါသတကြီးဖြစ်နေပုံပဲဆိုတဲ့ ခံစားချက်မျိုး ရနေမိသည်။

ထိုအချိန်၌ ကျူးယန်ကား စတင်၍ ကြောက်လန့်လာပြီဖြစ်၏။
သူက ဆိုလိုက်သည်။
"ဒီနေ့အတွက် အပျော်ရှာတာ ဒီလောက်နဲ့တော်သင့်ပြီထင်တာပဲ...ဖောင်တိန်တစ္ဆေကို ပြန်ပို့လိုက်ကြစို့"

တစ်ခြားအခန်းဖော်တွေမှာ မကျေနပ်ကြသေးပေ။ သို့သော် ကျုးယန်မှာကား ဆက်ပြီး စနောက်ချင်စိတ် စနောက်ခံချင်စိတ်ရှိမနေတော့ပါ။
သူက သူ့ကိုယ်သူ ဘာလုပ်နေတယ်ဆိုတာကို သိသလိုဟန်ဆောင်လိုက်ပြီးနောက် ဆိုလိုက်ပြန်သည်
"ဖောင်တိန်တစ္ဆေ ဖောင်တိန်တ‌စ္ဆေ....မေးခွန်းမေးလို့ပြီးပါပြီ...
လာရာအရပ်ကို ပြန်လိုက်လို့ရပြီနော်"

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now