-43.1- (အရူးအနှမ်းများ ဖန်ဒမ်းထဲမှ ထွက်ခွာသွားခြင်း)

2.1K 473 15
                                    

( Unicode )
ယွိကျန်းတု၏ စကားများက ကျန်းခဲ့ကျီအား စိတ်နှင့်ခန္ဓာ ပြန်ကပ်သွားစေခဲ့ရသည်။
သူသည် သေဆုံးပြီးသားဖြစ်ပြီး သူ၏ အသက်ရှိစဉ်က ဖုံးကွယ်ခဲ့သော အမှန်တရားသည်လည်း ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်။
တစ္ဆေတစ်ကောင်အနေဖြင့် ၎င်းမှာ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားဖို့ မလိုအပ်တော့ကြောင်း ရိပ်မိလာခဲ့သည်။

ထို့အပြင် အရေးကြီးဆုံးအချက်က ချင်းယွဲ့ကျန်းသည်လည်း ဤအကြောင်းကို သိထားနှင့်ပြီ ဖြစ်သော်ငြား ငြင်းဆန်သည့်ပုံ လက်မခံနိုင်သည့်ပုံလည်း မပေါ်တာကြောင့် ထိုအချက်က သူ့ရင်ကို ပြေလျော့သွားစေခဲ့ရ၏

ကျန်းခဲ့ကျီမှာ ၎င်းမည်သို့ သေဆုံးခဲ့ရပုံကို အသေချာ မပြောပြခင်ရှေ့မှာ အဖြစ်အပျက်တို့ကို ဖြည်းဖြည်းချင်း ပြန်လည် တွေးတောနေခဲ့မိသည်။

ထိုအဖြစ်အပျက်က တက္ကသိုလ်၀င်ခွင့်စာမေးပွဲများ မကျင်းပမီ အချိန်မှာ ဖြစ်သွားခဲ့ခြင်းပင်။
သူ၏ မိဘများက သူဂေးတစ်ယောက်ဖြစ်နေကြောင်းနှင့် အတန်းထဲက ယောကျာ်းလေးအတန်းဖော်တစ်ယောက်ကို သဘော‌ကျနေခဲ့သည့် အကြောင်းကို သိရှိသွားကြသည်။

ကျန်းခဲ့ကျီ၏ မိသားစုမှာ တစ်သီးတစ်သန့်ဆန်ကာ အလွန်အမင်းလည်း စည်းကမ်းတင်းကြပ်ပေ၏။ ၎င်းတို့အနေဖြင့် သားဖြစ်သူ၏ လိင်စိတ်တိမ်းညွတ်ရာကို လက်ခံနိုင်ခြင်းအလျဉ်းမရှိရကာ
ထိုအကြောင်းကို သိသိခြင်းမှာပဲ ကျန်းခဲ့ကျီအား အခန်းတွင်း အကျယ်ချုပ်ချထားခဲ့ကြသည်။

ပြောင်းလဲဖို့ အလားအလာ မမြင်ရတော့သည့်အခါ‌တွင်တော့ သူတို့တတွေက ကျန်းခဲ့ကျီအား ဤကဲ့သို့ ရောဂါမျိုးကို ကုသနိုင်စွမ်းရှိသည်ဟူသည့် ဆရာ၀န်တစ်ဦးနှင့် သီးသန့်ကုသစေသည်။
ထိုသီးသန့်ဆရာ၀န်၏ ကုသနည်းများမှာ အဆုံးစွန်ရက်စက်လွန်းသည်သာမက မဆုံးနိုင်သော ဦးနှောက်ဆေးခြင်းများနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ‌ကုထုံးများပါ ပါ၀င်ပေသည်။

ကျန်းခဲ့ကျီမှာ ထိုကဲ့သို့ ကုထုံးများဖြင့် တစ်ကြိမ် ကုသပြီးတိုင်း စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများ ခံစားရကာ
နောက်ဆုံးတွင် မခံစားနိုင်တော့သည့် အဆုံး ၎င်းတို့အခေါ် ဆေးခန်းတစ်ဖြစ်လည်း ထိုသံတိုင်များ ပတ်လည်၀န်းရံနေသော စိတ်ရောဂါကုအကျဉ်းထောင်မှ ထွက်ပြေးဖို့ရန် ဖြစ်လာခဲ့၏။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now