-6- (ဓာတ်လှေကား ကယ်ဆယ်ရေး)

3.6K 651 40
                                    

(Unicode)

[ကတုံးပြောင်မှုဆန့်ကျင်ရေးမဟာမိတ်များ]

ကျန်းချင်းချင်း:[*လင့်ခ်တစ်ခုပို့ထား*
ပြည်တွင်းသတင်းခေါင်းစဉ်
(ရှေးဟောင်းရေတွင်းခရိုင်ရှိ ကားပေါင်းမြောက်မြားစွာဟာ တစ်ပြိုင်နက် ထိန်းချုပ်မှုကင်းမဲ့သွားခဲ့ပြီး ဖြတ်သန်းဖြတ်လာများကိုပင် တိုက်လုနီးနီး ဖြစ်ခဲ့သည်။
သို့သော် ကြီးမားသော မတော်တဆမှုကြီးဖြစ်လာမှာကိုတော့ ကံကောင်းစွာ ရှောင်တိမ်းနိုင်လိုက်၏.....) ]

ကျန်းချင်းချင်း:[ ဟဲ့ နင်တို့ တစ်ချက်ကြည့်ကြည့်ဦး
အဲ့တာ ငါ အလုပ်၀င်နေတဲ့နေရာ‌နားလေးမှာ ဖြစ်သွားတာ.....
မနက်က ငါ ကုမ္ပဏီထဲမှာရှိနေတုန်း ကြုံလိုက်ရတာ ငါ့မှာ လန့်လိုက်တာကိုပဲ]

ကျူးယန်:[မင်း ဘာမှတော့ မထိခိုက်သွားဘူးမလား]

ကျန်းချင်းချင်း:[မထိခိုက်ဘူး ဒီတိုင်းလန့်သွားရုံပဲ]

အတန်းဖော် အေ:[ကားတွေ အစုလိုက်အပြုံလိုက်ကြီး တစ်ချိန်တည်းမှာ ထိန်းချုပ်လို့မရတော့တာ?....
ဘယ်လိုတောင် ထူးဆန်းမှုကြီးလဲ]

ဟို့ကွမ်းကျုံး:[ဟုတ်ရောဟုတ်ရဲ့လား... ငါအခု ချင်းချင်းရဲ့ ကုမ္ပဏီရောက်နေတာ
ဒါပေမဲ့ အကုန်လွတ်သွားတယ်]

ကျန်းချင်းချင်း:[ဟမ် နင်က ဘယ်လိုလို့ ငါတို့ကုမ္ပဏီရောက်နေရတာလဲ?]

ဟို့ကွမ်းကျုံး:[ ထွေထွေထူးထူးမဟုတ်ပါဘူးကွာ ငါတို့ပရောဂျက်မန်နေဂျာနဲ့ ချင်းချင်းရဲ့ ကုမ္ပဏီကိုလာပြီး လုပ်ငန်းပူးပေါင်းဆောင်ရွက်မယ့်ကိစ္စအကြောင်း လာဆွေးနွေးတာ....ဒီလိုအခြေနေတွေနဲ့ လာကြုံရလိမ့်မယ်လို့တော့ ဘယ်ထင်ထားခဲ့ပါ့မလဲ?]

ဟို့ကွမ်းကျုံး[*ကျန်းချင်းချင်းကို မန်းရှင်းခေါ်*; ငါ့အလုပ်က နေ့လည်ခင်းလောက်ဆို ပြီးပြီ
အဲ့ကျမှ နေ့လည်စာလေးဘာလေး အတူတူထွက်စားကြတာပေါ့]

အတန်းဖော် အေ:[အိုဟိုး ကွမ်းကျုံးက မိုက်လိုက်တာ
အလုပ်သင်ဘ၀နဲ့တင် ဆွေးနွေးပွဲတွေလိုက်နေရပြီလား]

ဟို့ကွမ်းကျုံး:[ဘာမှလည်း မဟုတ်ပါဘူးကွာ...ငါ့ကုမ္ပဏီက သဘောကောင်းကြလို့လည်း ပါပါတယ်....ငါနဲ့အတူပါလာတဲ့သူကလည်း ကုမ္ပဏီရဲ့ အကျိုးဆောင်ဆိုတော့ ငါ သူ့ဆီကနေ တစ်ဆင့် သင်စရာတွေအများကြီး]

ခေတ်သစ် ငရဲသစ်//MM Translation//Dove le storie prendono vita. Scoprilo ora