-7- (သူဌေးအကြိုက်)

3.1K 674 39
                                    

(Unicode)

မီးသတ်သမားများ : *ဆွံ့အ*

ကယ်ဆယ်ရေး၀န်ထမ်းများ : *ဆွံ့အ*

တရုတ်ရိုးရာ၀တ်စုံနှင့်လူ : *ဆွံ့အ*

ပတ်၀န်းကျင်အနေအထားကြီးက နည်းနည်း ကဗြောင်းကဗြန်ဆန်သွားခဲ့လေသည်။
ထောင့်နားလေးမှာ ကွယ်ပြီးရပ်နေတဲ့ကျန်းချင်းချင်းပင်လျှင် ပြောစရာစကားပျောက်ရှနေခဲ့၏။

ယွိကျန်းတုက အလွန်အမင်းကို ကျေနပ်အားရနေဟန်ဖြင့် သူ့ညာဖက်လက်သူ ကြည့်နေသည်။
ထို့နောက် တစ်ကိုယ်ကြား ရေရွတ်၏။
"အမှောင်ခွင်းအလင်းဆောင်ပေးလိုက်သလိုပါပဲလား"

ဇဝေဇဝါဖြစ်နေတဲ့လူအုပ်ကြီးမှာ ဓာတ်လှေကားက ၁၈ ထပ်ကို တက်ရောက်သွားတာကြောင့် ထပ်ပြီး ဆွံ့အ မနေအားတော့ပါ။
ဓာတ်လှေကားတံခါးက ပွင့်လာခဲ့ပြီး အချိန်ကြာကြီး ပိတ်မိနေခဲ့ကြတဲ့သူတွေခမျာ အခုအခါမှ အလင်းရောင်ကို ပြန်မြင်တွေ့ရသည်။
သူတို့က ထွက်လမ်းတွေ့ပြီဆိုတော့မှ အချင်းချင်း တွန်းတိုက်ပြီး အလုအယက် အပြင်ကို ထွက်ကြသည်။

"လွတ်ပြီ!! နောက်ဆုံးတော့ ငါတို့လွတ်ပြီ!"

"လန့်လိုက်တာ သေတော့မလိုပဲ...ငါ ငိုပါငိုချင်သွားတယ်"

"ဓာတ်လှေကားက တကယ်ကြီး ထူးတော့ထူးဆန်းနေတယ်...အခုပဲ အေးလို့အေး...ခဏနေကျ ချွေးထွက်လောက်အောင် ထပူလို့ပူ...ကျွန်မ နှာချေလိုက်ရ ချွေးသုတ်လိုက်ရနဲ့"

*************************

မီးသတ်သမားများမှာ သူတို့ရဲ့လုပ်ငန်းသုံးပစ္စည်းပစ္စယများကို အပြင်သို့ သယ်ပို့ သိမ်းဆည်းနေကြချိန်....
ထိန်းသိမ်းရေးအလုပ်သမားများကတော့ ဓာတ်လှေကားကို ပုံမှန်အတိုင်းပြန်လည်ပြင်ဆင်ရင်း ‌အလုပ်ရှုပ်နေခဲ့ကြသည်။

မီးသတ်တပ်ဖွဲ့ခေါင်းဆောင်နဲ့ ထိန်းသိမ်းရေးမှုးတို့မှာ မျက်နှာကြီးတွေနီရဲနေလျက် နှစ်ယောက်သား အငြင်းပွားရာမှ ရပ်တန့်ပြီး တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေခဲ့၏။
တပ်ဖွဲ့မှုးက ပါးစပ်ကို တွန့်လိမ်ကာ မေးလိုက်သည်။
"မင်းတို့ ဓာတ်လှေကားက ဘာဖြစ်နေတာလဲ?"

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now