-66- (သေဆုံးခြင်း အစားထိုးမှု)

1.6K 317 7
                                    

(Unicode)
ဘ၀စီမံခန့်ခွဲရေး application ကနဦး စမ်းသပ်မှုက အဆင်ပြေချောမွေ့ကာ ဆက်သွားနေခဲ့သည်။
လော့ဖုန်းရုံးချုပ်က အစမ်းအသုံးပြုသူတစ်ယောက်ချင်းစီတိုင်းနှင့် အနီးကပ် ဆက်ဆံ၍ သက်ဆိုင်ရာ အကြံပြုချက် အသီးသီးကို စုဆောင်းနေခဲ့သည်။

ယွိကျန်းတု ကျောက်ရော့လားနှင့် Amazing Future ဖက်မှ ပရိုဂရမ်မာများ ဦးဆောင်၍ ကြုံတွေ့ရသမျှ ပြဿနာများကိုလည်း တာ၀န်ယူ ဖြေရှင်းပေးနေခဲ့သည်။

ထိုသို့နှင့် အတွင်းပိုင်းပြန်လည်ပြင်ဆင်ရေးကာလ အဆုံးသတ်ဖို့လည်း တဖြည်းဖြည်း နီးကပ်လာခဲ့တော့သည်။
ဒါသည် လော့ဖုန်း၏ ပထမဦးဆုံးသော ဘ၀စီမံ‌ခန့်ခွဲရေး app ကို တရား၀င် ထုတ်လုပ်နိုင်တော့မည့်ရက်လည်း တဖြည်းဖြည်း နီးကပ်လာပြီဟု ယူဆနိုင်၏။

ကျောက်ရော့လားမှာ app အတွင်းပိုင်း bug များကို ပြင်ဆင်နေရပြီး ယွိကျန်းတုမှာမူ ကျန်ရှိသေးသော အချိန်ကလေးအား တတ်နိုင်သမျှ အကျိုးရှိအောင် မြေအောက်လောက အသုံးပြုသူများနှင့် အပြန်အလှန် ဆက်သွယ်ဆွေးနွေးပေးပြီး ရှန်းချွယ့်ထံသို့ အချိန်နှင့်တပြေးညီ အစီရင်ခံပေးနေရသည်။

တစ်နေ့တွင် သူ လော့ဖုန်းရုံးချုပ်၌ ရှန်းချွယ့်နှင့်အတူ အစည်းအဝေး ကျင်းပနေဆဲတွင် လုလင်းရှီက ရုတ်တရက် အခန်းတံခါးကို အလောတလျင် လာခေါက်ပြီး ယွိကျန်းတုအား ပျာယီးပျာယာ လာခေါ်ခဲ့သည်။

"ရှောင်ယွိ ၊ အပြင်မှာ အစမ်းအသုံးပြုခွင့်ရသူ တစ်ယောက်ရောက်နေတယ်
သူ app ကို သုံးနေရင်း error တစ်ခုတက်လာလို့တဲ့..
ကျွန်မလည်း ဒီအပိုင်းတွေကျ သိပ်နားမလည်လို့ ရှင် တစ်ချက်လောက် လာကြည့်ပေးလို့ရလား?"

ထိုစကားကြောင့် ယွိကျန်းတုမှာ မျက်စိပွင့် နားပွင့် ဖြစ်သွားခဲ့ရသည်။
app ကို တရား၀င် ထုတ်လုပ်တော့မယ့် ရက်ကလည်း နီးကပ်လာနေကာမှ
အခုလိုအချိန်မှာ error ထပ်တက်နေတယ်ဆိုရင်တော့ မဟန်တော့ချေ။

သို့နှင့် ရှန်းချွယ့်ထံ လှည့်၍ ခွင့်တောင်းလိုက်သည်။
"အဲ့လိုဆို ကျွန်တော်တို့ ဒီနားတင် ခဏ ရပ်ထားလိုက်ကြမယ်နော်
ကျွန်တော် တစ်ချက် သွားစစ်ကြည့်လိုက်ဦးမယ်"

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now