-25- (လက်ကားဈေးဖြင့် အော်ဒါတင်လာခြင်း)

2.8K 586 26
                                    

(Unicode)

နောက်ရက် ယွိကျန်းတု အလုပ်ကိုရောက်တော့ တစ်ရုံးလုံးရဲ့ အနေအထားကြီးက မှိုင်းတိုင်းတိုင်းဖြစ်နေသလို ခံစားလိုက်ရသည်။
အားလပ်ရက်မတိုင်ခင်တုန်းက ပျော်ရွှင်မြူးထူးနေကြတဲ့ပုံနဲ့ လုံး၀ကွဲလွဲစွာ အခုများတော့ဖြင့် ရုံးတွင်းရှိ လုပ်သားများအားလုံးသည် စိတ်ဓာတ်ပဲကျနေသလိုလို ဒီပျက်ရှင်ပဲ ၀င်နေသလိုလို ပုံတွေပေါက်နေခဲ့ကြသည်။

ခန်ကျင့်ကဆိုလျှင် သူ့ရဲ့ ဆံပင်တုကြီးကိုပင် ဇောက်ထိုးတလွဲတွေ စွတ်ထား၏။

ယွိကျန်းတုရဲ့ တက်ကြွလန်းဆန်းနေမှုများဟာလည်း လုပ်ဖော်ကိုင်ဖက်တွေကို မြင်ပြီးနောက်မှာ အကုန်လုံး ကြက်ပျောက်ငှက်ပျောက်။

သူမေးကြည့်လိုက်၏။
"မင်းတို့ကကွာ...အားလပ်ရက်ပြီးသွားတာနဲ့ အခုလောက်ကြီးထိ မှိုင်းထိုင်းကုန်ကြရလား?"

တကယ်တော့ မေးသာမေးလိုက်ရပါတယ်..
အလုပ်ကို လာရတယ်ဆိုတာ အုတ်ဂူကို လာလည်ရသလိုခံစားချက်မျိုးဆိုတာ ငါ‌နားလည်ပေမယ့်
နေကြပါဦး...
မင်းတို့တွေက အားလပ်ရက်ကို ကိုယ့်အုတ်ဂူကို သွားလည်ခဲ့ကြတဲ့သူတွေပဲမဟုတ်ဘူးလား?

ခန်ကျင့်က သူ့ကိုမြင်တာနဲ့ချက်ချင်း ဝူးဝူးဝါးဝါးနဲ့ ပြေးလာပြီး ခန္ဓာကိုယ်ဆီတွယ်ကပ်လာကာ...
"ရှောင်ယွိ၊ ငါတို့အားလုံးရဲ့ အနာဂတ်ဘ၀ အရည်အသွေးတွေအကုန်လုံး မင်းအပေါ်မှာ မူတည်နေပြီ"

ယွိကျန်းတုမှာ ခန်ကျင့်ခေါင်းပေါ်က ကျွတ်ကျသွားတဲ့ ဆံပင်တုကြီးကို လှမ်းဖမ်းလိုက်ရပြီး သူ့ရဲ့ ဆီပြောင်ပြောင်၀င်းနေတဲ့ ကတုံးခေါင်းကို ကြည့်လိုက်၏။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့ရဲ့ မျက်စိတွေခမျာ ရောဂါပြင်းပြင်းထန်ထန် ရ‌သွားတော့မည့်နှယ် ခံစားလိုက်ရတာကြောင့် ချက်ချင်း ဆံပင်တုကို ပြန်ကောက်တပ်ပေးလိုက်ရသည်။
"ပြောချင်တဲ့လိုရင်းကိုပဲ ပြောစမ်းပါ..ငါ့ကို ဟိုကိုင်ဒီကိုင်လာလုပ်မနေစမ်းနဲ့"

ခန်ကျင့်က သနားစဖွယ်ပုံစံလေးနဲ့ သူ့ဆံပင်တုသူ ကောက်တပ်ပြီးနောက် ပြောလိုက်သည်။
"ဒီနှစ်တွေအတွင်းမှာ နိုင်ငံက ပူဇော်ပသမှုဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သတ်တဲ့အသက်မွေး၀မ်းကြောင်းတွေကို အားပေးပေမယ့်
လူမြင်ကွင်းမှာ မီးရှို့တဲ့ကိစ္စတွေကိုတော့ ပိတ်ပင်ပစ်လိုက်တယ်.
အဲ့တော့ မနှစ်ကရတဲ့ ကန်တော့ပစ္စည်းတွေနဲ့ ယှဉ်လိုက်ရင် ဒီနှစ်က တော်တော်လေးကို ပမာဏနည်းသွားရောပဲ
ပြီးတော့ လူတွေကအခုနောက်ပိုင်း အနောက်တိုင်းဒရာမာတွေ လွှမ်းမိုးမှုတွေခံကုန်ရတာနဲ့တူပါတယ် ကန်တော့ပစ္စည်းပေးရမယ့်အစား ပန်းစည်းပဲ လာကပ်တော့တယ်
ငါ့မိသားစုက ငါ့ဆီကို ဂန္ဓမာပန်းနှစ်စည်းပဲ လာကပ်တယ် ၀တ်စရာစားစရာ အင်္ကျီလေး တစ်ထည်တလေတောင် မပါလာဘူး"

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now