-57.2-

1.6K 332 6
                                    

(Unicode)

တစ္ဆေပွဲတော် ပန်းခြံပါတီ၏ ကျော်ကြားမှု အရှိန်အဟုန်က ယွိကျန်းတု ခန့်မှန်းထားတာထက်ပင် ကျော်လွန်သွားခဲ့သည်။ အတိတ်တုန်းက လူအများကြား နာမည်ရခဲ့တဲ့ အဓိကအကြောင်းအရင်းက ရှန်းချွယ့်၏ ရုပ်ရည်ရူပကာကြောင့်ဆိုလျှင် ယခုတစ်ခေါက်ကမူ ကုမ္ပဏီတစ်ခုလုံးနီးပါး viral ဖြစ်သွားခဲ့တာဟု ဆိုရပေမည်။

အွန်လိုင်းပေါ်မှာ အချိန်ဖြုန်းမိပြီဆိုတာနဲ့ သေချာပေါက် တစ္ဆေပွဲတော်က ရောင်းချသည့် ပစ္စည်းများအကြောင်းကို ကြားဖူးနားဝ ရှိကြပေမည်။
ဒီအချက်ဖြင့် ကုမ္ပဏီ၏ ထုတ်ကုန် ဝယ်လိုအားမှာ အရှိန်တစ်ခုဖြင့် ထိုးတက်သွားခဲ့ချေတော့သည် ။

မထင်မှတ်ထားသည့် အရာထဲတွင် လော့ဖုန်းကုမ္ပဏီနဲ့ collaboration လုပ်ချင်၍ လာရောက်ဆက်သွယ်ကြသည့် ကုမ္ပဏီကြီးများလည်း ပါဝင်ပေသည်။

ပထမဦးဆုံးမှာ ကျောက်ရော့လား၏ သူငယ်ချင်းများ ဖြစ်ကြပြီး ၎င်း တို့က နိုင်ငံတွင်းရှိ ထိပ်တန်း ကုမ္ပဏီများ၏ ခေါင်းဆောင်များပင် ပါဝင်ကြပေသည်။

ကျောက်ရော့လားမှာ အစပိုင်းတော့ အူကြောင်ကျား ဖြစ်သွားလိုက်ပေမဲ့ အကြောင်းစုံကို သိပြီးနောက်မှာ ရယ်ရခက် ငိုရခက်။

ထို့အပြင် ပန်းခြံပါတီ၏ သတင်းမွှေးပုံက အခြားသော အလားတူ ကုမ္ပဏီများမှ အားကျရုံတင်မက ဝန်ထမ်းများကပါ ၎င်းတို့၏ ကုမ္ပဏီများကို ထိုကဲ့သို့ ပွဲမျိုး လုပ်နိုင်အောင် စွမ်းဆောင်ပေးသင့်ကြောင်း ဆန္ဒပြကုန်ကြသည်အထိ ဖြစ်ကုန်ရသည်။

လွယ်လွယ်နဲ့ ပျက်ပြယ်မသွားတဲ့ လော့ဖုန်းကုမ္ပဏီ၏ ကျော်ကြားမှု ကြောင့် ကောလဟာလတစ်ခု ထွက်လာသည်မှာဆိုလျှင် ကုမ္ပဏီအချို့က ဝန်ထမ်းများက သူတို့ကုမ္ပဏီတွေ မသိ‌အောင် resume အသစ်တွေနဲ့ လော့ဖုန်းသို့ လာလျှောက်ထားကုန်ကြသည် ဆိုသည့်အသံတောင် ထွက်လာခဲ့သည်။

တစ်ဖက်မှာလည်း ကုမ္ပဏီများ၏ စီမံခန့်ခွဲရေး ဌာနများမှာ ဤ ကောလဟာလမျိုးကို လက်သင့်မခံနိုင်သော်လည်း တစ်ဖက်မှာမူ ၎င်းတို့ကိုယ်တိုင် လော့ဖုန်းလို အနေအထားမျိုးနှင့် ပွဲမျိုးကို ဘယ်လိုစီစဉ်ရင်ရနိုင်မလဲဆိုတာကို ကြိတ်ကုပ် အကြံ ထုတ်နေခဲ့ကြသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now