-76- (မရဏပြည်ရဲ့ အဆုံးအစမဲ့ အနန္တမီးတောက်)

1.2K 305 18
                                    

(Unicode)

ရှန်းချွယ့်မှာ ခေတ္တမျှလောက် ဘာစကားမှ မပြောနိုင်သူတစ်ယောက် အသွင်ဖြစ်သွားခဲ့ရသည်။ ထို့အပြင် ယွိကျန်းတုအား စိတ်ဆိုးမာန်ဆိုးဖြစ်သော အကြည့်များဖြင့် ဒိုင်းခနဲ ကြည့်လိုက်၏။

ထို့နောက်တွင်တော့ ယွိကျန်းတု၏ခန္ဓာကိုယ်အား မိမိရင်ခွင်အတွင်းသို့ ပစ်သွင်း၍ တင်းကြပ်စွာ ဖက်လိုက်လေသည်။

"မင်း အဆင်ပြေနေသရွေ့ ငါ လဲကျသွားစရာ အကြောင်းလည်း မရှိပါဘူး...."

ပုံမှန်အချိန်တွင် ရှန်းချွယ့်ကား ယွိကျန်းတုနှင့်ရှိနေသည့် ကာလပတ်လုံး "သာမန်လူသား" အသွင်နှင့်သာ နေထိုင်လေ့ရှိသည်။

သို့သော် အချိန်တစ်ခုစာ စိတ်ဖိစီးနေခဲ့မှုကို ယခုအခါမှ လျှော့ချနိုင်သည် ဖြစ်၍ ၎င်း၏ "သာမန်လူသား" ဇာတ်ရုပ်ကို ဆက်သရုပ် ဆောင်နေဖို့ မေ့လျော့သွားသည် ထင်။

ယွိကျန်းတုလည်း ယခုအချိန်မှာ မိမိခန္ဓာကိုယ်က "ဝိဉာဉ်" အသွင် ရောက်နေတာကို သိ၏။
သို့ရာတွင် ရှန်းချွယ့်၏ ရင်ငွေ့ထဲ နားခိုရသည့်အခါ ရှန်းချွယ့်၏ ကိုယ်မှာ လွန်စွာ အေးမြနေသည်ကို ခံစားမိလိုက်ရသည်။

ယခုကဲ့သို့ အေးစက်ခြင်းမျိုးမှာ မြေအောက်လောကက တစ္ဆေတွေရဲ့ သာမန် အေးစက်မှုကိုပင် ကျော်လွန်၍ ထိပ်တန်းအဆင့် ၀င်သွားပေလောက်မည်။

သို့ရာတွင် ‌ယွိကျန်းတု အနေဖြင့် ကြောက်စိတ် အနည်းငယ်မျှပင် မဖြစ်မိ။

သူ၏ ရင်ထဲ၌ စာဖွဲ့လို့ မရသည့် ခံစားချက်တစ်ခုက နှလုံးသားထဲမှတစ်ဆင့် ရုတ်တရက် ပျို့တက်လာသလို ခံစားနေရသည်။

ရှန်းချွယ့်သည်လည်း ပုံမှန်အချိန်မျိုးဆိုလျှင် နှလုံးသားကို အင်္ကျီလက်မှာ ဆွဲထားသလို ထင်ရပေမယ့် တကယ့်တကယ်တွင်မူ ၎င်းက သူ၏ နှလုံးသားကို အခြားသူများ မြင်နိုင်မည့်နေရာတွင် ဘယ်တုန်းကမှ ဖွင့်ပြ မထားခဲ့ဖူးပါ။

ဒါကြောင့်လည်း အခု သူ၏ လွန်စွာမှ စိတ်ပူပန်နေသော ပုံရိပ်က မြင်ရသူကို ရင်ထဲ ခိုက်သွားစေတာမျိုး ဖြစ်နိုင်သည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now