-16- (သရဲတစ္ဆေ ပုံရိပ်ဖော်ခြင်း နည်းပညာ)

2.6K 583 10
                                    

(Unicode)

အတိတ်တစ်ချိန်တုန်းကလူတွေက တစ္ဆေတွေ ပြန်ရောက်လာတဲ့အခါမျိုးဆို သူတို့ပြန်ရောက်လာကြောင်း သိသာစေဖို့ သဲမှုန်တွေကို အသုံးပြုခဲ့ကြသည်။
ဒီနေရာမှာ "ပြန်လာတယ်" ဆိုတဲ့ အသုံးအနှုန်းက ဝိဉာဉ်တွေ သေဆုံးပြီး သူတို့ရဲ့ ရက်လည်ကိုရောက်လို့ အိမ်ပြန်လာခွင့်ရတဲ့အခါ ‌ပြန်ရောက်လာတာမျိုးကို ဆိုလိုခြင်းဖြစ်သည်။

ဒဏ္ဍာရီအရဆို ပြန်လာတဲ့ ဝိဉာဉ်တွေ နောက်ဘ၀မှာ ဘယ်လိုဘ၀မျိုးနဲ့ပြန်၀င်စားမလဲဆိုတာကို အဲ့ဒီ သဲမှုန်တွေပေါ်မှာ ထင်နေတဲ့ ခြေရာတွေကတစ်ဆင့် ခန့်မှန်းလို့တောင် ရသည်ဆိုပဲ။
ခြေရာက ကြက်ခြေထောက်ပုံစံပေါ်နေတာဆိုရင် အဲ့ဒီလူက နောက်ဘ၀မှာ ကြက်တစ်ကောင်ဘ၀အဖြစ်နဲ့ ၀င်စားမှာဖြစ်ပြီး
ခွေးခြေရာတွေပေါ်နေတယ်ဆိုရင် အဲ့ဒီလူရဲ့ နောက်ဘ၀က ခွေးဘ၀နဲ့ဖြစ်လိမ့်မည်။

ယုတ္တိမဆန်တဲ့ အရပ်ပြောစကားတောင်ရှိသေးသည်.....
အကယ်၍ သဲမှုန်ပေါ်မှာ သံချိန်းကြိုးအရာတွေ မြင်နေရတယ်ဆိုရင်တော့ ဆုံးပါးသွားတဲ့ ဝိဉာဉ်က အသက်ရှိစဉ်တုန်းက ပြုကျင့်ခဲ့တဲ့ အကုသိုလ်ကံတွေများလွန်းလို့ အိမ်ပြန်ခွင့်ရတဲ့ခဏလေးမှာတောင် သံချိန်းကြိုးတွေ တပ်ခံထားရတာဆိုတဲ့ ယုံတမ်းပုံပြင်တွေအကြောင်းပေါ့....

တောက်ဓမ္မဘုန်းတော်ကြီးမုက သေချာပေါက် ဒီအကြောင်းတွေအကုန်လုံးကို ကြားဖူးနား၀ဖြစ်‌ နေပြီးသားပေါ့။ တစ်ခါတလေဆို ဘာသာရေးကိုင်းရှိုင်းလွန်းတဲ့ အိမ်တွေက သူ့ကို ပင့်ပြီး ဝိဉာဉ်ကို ဘ၀ကူးကောင်းအောင် ကူညီပေးခိုင်းတာတွေတောင် ရှိသေးတယ်....သူ ရှင်သန်လာတဲ့ ဘ၀သက်တမ်းတစ်လျှောက်လုံးမှာ ဝိဉာဉ်‌ခြေရာဆိုလို့ တစ်ကြိမ်တစ်ခါလေးမှ မမြင်ဖူးတာတောင်မှလေ။

ပထမဆုံးအကြိမ် တစ္ဆေတစ်ကောင်ရဲ့ ခြေရာလက်ရာကို မြင်ဖူးတဲ့အချိန်ကလည်း အခုလို ကိစ္စတွေ ရှုပ်ယှက်ခက်နေတဲ့ကြားမှာ လာတွေ့ရလိမ့်မည်လို့ နည်းနည်းလေးမှတောင် စိတ်ကူးမထားခဲ့ဖူးချေ
အဲ့တာအပြင် အခုလိုမျိုး လေပေါ်မှာ အတိုင်းသား မျောနေတဲ့ လက်ထိပ်တွေကို မြင်နေရလိမ့်မယ်လို့လည်း အတွေးထဲတောင် မရှိခဲ့ဖူးဘူး...
သို့သော် သူ ၀န်ခံပါတယ် ဒီအရာတွေအကုန်လုံးက သူ့အတွက် အသစ်အဆန်းတွေချည်းပင်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now