-38- (Cp poll)

2.5K 478 24
                                    

(Unicode)

Peppa ၏ ပြန်လည်‌၀င်စားခြင်း ရလဒ်ကား တွက်ချက်နေသည့် အဆင့်မှာပဲ ရှိနေသေးသည်။
ထိုအတွက် စောင့်စားနေရစဉ်ကာလအတွင်းမှာ ၎င်းကို လော့ဖုန်းတစ္ဆေများက တစ်ယောက်တစ်လှည့်စီ ပြုစုစောင့်ရှောက်ကြည့်ရှုပေးနေကြသည်။

ကလေးမ‌လေးမှာ မမွေးဖွားလာခင်အချိန်ကတည်းက ကံ‌အကြောင်းမလှကာ သူတစ်ပါး၏ ကျွန်ပြုခြင်းခံခဲ့ရသူမို့ အခြေခံပညာရေးလောက်တောင် သင်ယူခဲ့ရဖူးသူ မဟုတ်ခဲ့ချေ။

ကိုယ်ကျင့်စရိုက် စိတ်နေစိတ်‌ထားကြောင့်ရယ် မဟုတ်ပါဘဲ တစ်ချို့အချိန်တွေမှာ Peppa တစ်ယောက် ထူးထူးဆန်းဆန်းတွေ ပြုမူနေတတ်ပေ၏။
ကံအားသင့်လျော်စွာ ယင်းကား စိတ်နှလုံးဖြူစင်သူ ဖြစ်တာကြောင့် မည်သူက မည်သည့်အရာ သင်ပေးပါ‌စေ ကောင်းစွာ နာယူတတ်သည်။

ယွိကျန်းတုတစ်ယောက် မူလတန်းအရွယ် ကလေးထိန်းကျောင်းနည်း လမ်းညွှန်စာရွက်များနှင့်
ကိုယ်ကျင့်စာရိတ္တကောင်းမွန်စေသည့် သင်ထောက်ကူများကို ဒေါင်းလုပ်ဆွဲ ကော်ပီထုတ်၍ သူမထံ ပေးဖြစ်ခဲ့သည်။

ထို့အပြင် တစ်ယောက်တစ်လက်ကူညီစောင့်ရှောက်ပေးနေသည့် တစ္ဆေများအားလည်း
peppa ရှေ့တွင် ကြင်နာကောင်းမွန်သည့် အပြူအမူများသာ ဆောင်ရွက်ကြရန် မေတ္တာရပ်ခံဖြစ်ခဲ့၏။
ဥပမာ ဆိုရသော်
အဘွားအိုအရွယ် တစ္ဆေများအား ကူညီ၍ လမ်းကူးပေးခြင်း ၊
ပိုင်ရှင်မဲ့ ပူဇော်ပစ္စည်းများ ကောက်ရပါကလည်း သက်ဆိုင်ရာ ပစ္စည်းပျောက်ဌာနထံ ပြန်အပ်နှံခြင်း ၊
ကံနိမ့်နေတတ်သည့် လူသားများထံမှ ‌ကင်းရှင်းစွာနေခြင်း (အဓိကအားဖြင့်) ကိုယ်၀န်ဆောင်အမျိုးသမီးများအား ၎င်းတို့၏ ဘုန်းကံပို၍ မနိမ့်ပါးသွားစေရန်
တစ္ဆေတစ်ကောင်အနေဖြင့် ဝေးဝေးမှ နေတတ်သည့် အမူအကျင့်များ ရစေသည်။

ယွိကျန်းတု တစ်ယောက် ဤ အချက်တင်မကသေး ၊
မြေအောက်လောကတွင်ရှိသည့် ကလေးအားကစားပွဲများတွင်လည်း Peppa အား ပါစေသည်။

လောကကြီးအား အကောင်းမြင်တတ်သည့် စိတ်နှင့် ကိုယ်ကျင့်စာရိတ္တ ကောင်းမွန်လာစေခြင်းထက်
ဤသို့ကဏ္ဍရပ်များတွင် ပါ၀င်ခြင်းဖြင့် လူအများနှင့် အလွယ်တကူရင်းနှီးလာစေသည်ကို ပိုလိုလားမိသည်။
ဤနည်းဖြင့် ပြန်လည်၀င်စားမည့်နောက်ဘ၀အတွက်လည်း ရလဒ်ကောင်းတစ်ခု ဖြစ်လာစေနိုင်လိမ့်မည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now