-79- (ငန်းကလေး Peppa)

1K 215 4
                                    

(Unicode)

သေခြင်းရှင်ခြင်းစာရင်းဇယားအကောင့်များအား ရေးဆွဲပြီးနောက် ''ဘ၀စီမံရေး" application ကိုလည်း တရား၀င် ထုတ်ပြီးနောက်တွင် Peppa လေးအား ပြန်လည်၀င်စားစေမည့် ရလဒ်များကိုလည်း ပြုပြင်လို့ပြီးသွားခဲ့သည်။

ထို့အတွက်ကြောင့် မူလအစီအစဉ်အရ ကလေးမလေး နောက်ဘ၀ မကူးခင်ကို နှုတ်ဆက်ပါတီလေး တစ်ပွဲ ကျင်းပပေးဖို့ စီစဉ်ဖြစ်ခဲ့ကြ၏။ ထို့နောက်မှ ကိုယ်တိုင်ကိုယ်ကျ နောက်ဘ၀သို့ ကူးပြောင်းသွားတာကို စောင့်ကြည့်ကြမည်ဟူ၍ တွေးထားခဲ့လိုက်ကြသည်။

သို့ရာတွင် တကယ်လည်း Peppa ၏ ပြန်လည်၀င်စားရမည့် နောက်ဘ၀အကြောင်း ရလဒ်လည်း ထွက်လာရော ယွိကျန်းတုနှင့် ရှန်းချွယ့်တို့က အလုပ်ခရီးဖြင့် မီနန်သို့ ရောက်သွားကြသည့် အခိုက်ဖြစ်နေခဲ့သည်။

ပိုပြီးတော့ ကံကောင်းထောက်မမှု မရှိပုံက Peppa သည်လည်း ထိုနေ့ကျမှ ရှေးဟောင်းရေတွင်းပြန်လည်၀င်စားရေး စုရပ်နားမှာ သွားဆော့နေမိလျက်သား ဖြစ်နေခဲ့ခြင်းပင်။

ထို ပြန်လည်၀င်စားရေးစုရပ် ရှေးဟောင်းရေတွင်းနားမှာ Peppa နှင့် ခင်ကြသူများလည်း ရှိနေခဲ့ကြသည်။
ထိုသူတွေက Peppa ကို ကူညီပေးပြီး သူအမြဲဆော့နေကျ tablet ထဲမှာပဲ application ကို သွင်းပြီး စစ်ကြည့်လိုက်ကြသည့်အခါ
ထိုနေ့က အချိန်စာရင်းအရ သူမ နောက်ဘ၀သို့ ကူးပြောင်းရမည့် ရက်ဖြစ်နေခဲ့ကြောင်းကို တွေ့ရှိခဲ့ကြရသည်။

ပြန်လည်၀င်စားရမည့်အချိန်ကို ရွှေ့ဆိုင်းဖို့ ကြိုးစားပါက ကူးပြောင်းရမည့် ဘ၀များမှာ ဆိုးသထက် ဆိုးလာပေမည်။

အစကတည်းကမှ Peppa ပြန်၀င်စားရမည့် ဘ၀ အခြေအနေတွေက မကောင်းတာမို့ ယခုတစ်ခေါက်ပါ ထပ်ပြီး အချိန်ဆွဲနေခဲ့မယ်ဆိုလျှင် ရလဒ်ကား မတွေးရဲစရာ။

ထိုသို့နှင့် မိတ်ဆွေသူငယ်ချင်းတစ္ဆေများ၏ တိုက်တွန်းမှုအရ Peppa မှာ နောက်ဘ၀သို့ မကူးခင်တွင် ခန်ကျင့်ထံသို့ နောက်ဆုံး ဖုန်းခေါ်ခဲ့လေတော့သည်။

အစတုန်းကတော့ ခန်ကျင့်လည်း ဒီအကြောင်းကို ယွိကျန်းတုနှင့် ပြန်တိုင်ပင်လိုသော်လည်း တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့ကျမှ ယွိကျန်းတုက ဆာလောင်မွတ်သိပ် တစ္ဆေလမ်းကြောင်းပေါ်မှာ ပိတ်မိနေခဲ့သည့် အခိုက် ဖြစ်နေခဲ့ပြန်သည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now