-58- (တစ္ဆေစျေးတန်းမှ ပစ္စည်းများအား အလွယ်တကူ ၀ယ်ယူနိုင်မည့် ပလက်ဖောင်း)

1.9K 350 19
                                    

(Unicode)

အတင်းသတင်းမျှဝေရာ ဖိုရမ်

ခေါင်းစဉ် : စီအီးအို၏ ကုမ္ပဏီမှ ဦးစီးကျင်းပသော တစ္ဆေပွဲတော်ပန်းခြံပါတီ၌ ရောင်းချသည့် ပစ္စည်းများမှာ အမှန်တကယ်ပင် အဖိုးတန်များ ဖြစ်နေ။

မူရင်းပို့စ်ပိုင်ရှင် : ဖြစ်ပုံက ဒီလို...
ငါက ကံကောင်းထောက်မပြီး ပန်းခြံပါတီကို သူတို့ လူအဝင်အထွက် မကန့််သတ်ခင်ကတည်းက ရောက်သွားတယ်ဆိုပါတော့...ဒါနဲ့ပဲ ရောက်လက်စနဲ့ မထူးဘူး လက်ဗလာနဲ့တော့ အိမ်ပြန်သွားလို့မဖြစ်ဘူးပဲ ဆိုပြီး ပစ္စည်း တစ်ခုခုလောက် ဝယ်သွားလိုက်ဖို့ အကြံပေါ်လာတယ်ကွာ... ဒါမဲ့ အခေါင်းပုံတွေတို့ အရိုးပြာ အိုးတို့ကျလည်း အကြိုက်မတွေ့တော့ ဟို လိုက်ဖ်မှာ ကြိုးဆွဲချ သတ်သေတဲ့ အစ်မကြီး ညွှန်းပေးတဲ့ လက်ရေးလှပန်းခတ်စာ လေး အဖိုးအတွက် ဝယ်သွားပေးလိုက်ရော...
အဖိုးကလည်း ငါ့လက်ဆောင်ကို သဘောတွေ ကျနေတာ..
လက်ရေးအလှရေးထားတာက တကယ်ကို လက်ရာမြောက်လှပါတယ် ဘာညာနဲ့....

ဒါမဲ့ တကယ့် ထူးဆန်းတဲ့ကိစ္စကြီး ဖြစ်သွားတယ်... ငါ့အဘိုးက အခုလိုမျိုး လက်ရေးလှပန်းခတ်ရေးတဲ့ အဖွဲ့အစည်းထဲက မန်ဘာဝင်တစ်ယောက်ဆိုတော့ ရှေ့တစ်ရက်နှစ်ရက်ကပဲ သူက သူအလုပ်လုပ်တဲ့ အဖွဲ့အစည်းဆီကို ငါ့လက်ဆောင်လေး ယူသွားတာ...
ပြန်ရောက်လာတော့ သူက ပြောပြတယ်... ဒီလက်ရေးအလှပန်းခတ်က တကယ့်ကို နာမည်ကျော် လက်ရေးအလှပညာရှင်တစ်ယောက်ရဲ့ ကျန်ရစ်ပစ္စည်း ဖြစ်နေမလား မသိနိုင်ဘူး ဆိုပြီးလေ...

အထပ် ၁ : ?????????

အထပ် ၂ : စိတ်ဝင်စားဖို့ကောင်းလာပြီ...

အထပ် ၃ : ဖွီးးးး အထပ်ပိုင်ရှင်ရေ ပြောစရာရှိ မြန်မြန်ဆက်ပြော...

အထပ်ပိုင်ရှင် : တကယ် ယုံချင်စရာကို မရှိတာပါဆို.....
ပြောရရင် မူရင်းပိုင်ရှင်လို့ ယူဆရတဲ့ ပညာရှင်က လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်ကတည်းက ဆုံးသွားပြီ...သူ့နာမည်က ဝူချီယီတဲ့...ပြောလည်း ဒီဖက်ပိုင်းက လူတွေ သိပ်သိကြလောက်မယ် မထင်ပါဘူး..
ဒါပေမဲ့ ဒီလက်ရေးလှပညာရှင် အဖွဲ့အစည်းကကျတော့ သူ့ရဲ့ စုတ်ချက်အဖိအဖော့ တွေ မျဉ်းရဲ့ ပြတ်သားမှုတွေကို ကြည့်ပြီး ဒါက ဝူလူကြီးမင်းရဲ့ လက်ရာဟောင်းပဲ ဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်ကြတော့တယ်...
အဖွဲ့အစည်းထဲက တစ်ခြားပညာရှင်တစ်ယောက်ကဆို ဒီလက်ရာကို လိုချင်လို့ အဘိုးဆီကနေ စျေးကြီးပေးပြီး ပြန်ဝယ်နေတာတဲ့..
ငါထင်တာတော့ ပွဲတန်းထဲမှာ ရောင်းတဲ့သူက မှားပြီး တကယ့် ပစ္စည်းတွေပါ ထည့်ရောင်းပေးလိုက်မိတာ များလားလို့လေ...

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now