-30- (ယမမင်းဟာ တရားခွင်မစခင် ပထမဦးစွာ သံဘောလုံးကို မြိုချလေ့ရှိတယ်)

3.1K 574 21
                                    

(Unicode)

စကားလုံးများက ဟို့ကွမ်းကျုံး ပါးစပ်က ထွက်ကျအပြီး ပရိသတ်အပေါင်းမှာ ဆူညံအုံကြွကုန်ကြသည်။

ကျောင်းသားများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြပြီး သူတို့ပဲ နားကြားမှားတာလား ဇဝေဇဝါဖြစ်လျက်။

ဟို့ပါးပါးနဲ့ မားမားမှာလည်း မူလက သူတို့သားသူတို့ ဂုဏ်ယူဝံ့ကြွားလျက် ရင်ငေါ့ ဖင်‌ကော့ ဖြစ်နေခဲ့ကြသည်မှာလည်း အခုချိန်၌ ကြောင်အမ်းသွားကြရသည်။
၎င်းတို့လည်း အချင်းချင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် ပါးစပ်ကလည်း ရေရွတ်လိုက်၏။
"ကွမ်းကျုံး ဘာတွေပြောနေတာလဲ?"

လူကြီးတွေအနေနဲ့ အခုလို ခေတ်ကြီးက တိုးတက်နေချိန်မှာ လူငယ်တွေကြားသုံးနှုန်းကြတဲ့ slang တွေကို လိုက်မမီတာမှန်သော်ငြား အခု သူတို့ကြားလိုက်ရသည့် "အမှိုက်သရိုက်" ဆိုတဲ့စကားလုံးက ကောင်းသည့်အသုံးအနှုန်း မဟုတ်တာမှန်းတော့ တန်းရိပ်မိသည်။

ဟို့ကွမ်းကျုံး ကိုယ်တိုင်လည်း အံ့ဩသွားရသည်ပင်။
အခုလေးတင် သူ့ပါးစပ်က ထွက်သွားလိုက်တဲ့စာကြောင်းက သူ ပြောဖို့ ပြင်ဆင်ထားတဲ့ ဇာတ်ညွှန်းထဲမှာ ပါသည့် စကား ဟုတ်မနေ။
.....သို့သော်....
သို့သော်.......ထို စာကြောင်းက သူ့ခေါင်းထဲမှာ တွေးနေမိသည့် စာကြောင်းတော့ ဖြစ်နေခဲ့သည်။
မေးချင်တာက...ခေါင်းထဲမှာ သူပြောချင်နေခဲ့တဲ့စကားတွေက ဘယ်လိုလုပ် အပြင်ကို အံကျသွားခဲ့ရတာလဲလို့!?

သူ ထိတ်ထိတ်ဖြာဖြာ ဖြစ်သွားပြီးနောက် ကိုယ်ကိုယ့်ကိုယ် ပြန်ကာစိတ်ထိန်းလိုက်၏။
သူတွေးလိုက်သည်က သူ့အနေနဲ့ ကိုယ့်ပုံရိပ်ကို ထိန်းဖို့ အများကြီးတွေးနေမိတာကြောင့် စိတ်လှုပ်တရှားဖြစ်သွားခဲ့တာ နေမှာပါဟူ၍။

ဘယ်လိုပဲဖြစ်ဖြစ် သူပြောလိုက်တဲ့စကားလုံးကို internet ဟာသတစ်ခုအနေနဲ့ ပြန်သိမ်းကြုံးလိုက်ရင် ရပါသေးတယ်...
ဒိလိုနည်းနဲ့ သူ ပြန်ထိန်းလိုက်ရင် ရတာပဲ။

သူ ထိုကဲ့သို့ တွေးနေချိန်မှာ အကုန်လုံး၏ အကြည့်က သူ့ဆီမှာ။
အခမ်းအနားမစခင်ကတောင် အကုန်လုံး ဟိုနားဒီနား တီးတိုးပြောနေတာတွေ အာရုံမစိုက်တာတွေရှိနေခဲ့တာတောင် အခုများတော့ဖြင့် သူ့စကားတစ်ခွန်းက အကုန်လုံး၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
၎င်းတို့က ဟို့ကွမ်းကျုံးတစ်ယောက် ယခုကဲ့သို့ စကားလုံးသုံးနှုန်းအပြီးမှာ ဘယ်လိုနည်းနဲ့ ပြန်ထိန်းသွားမလဲ သိချင်စိတ်ပြင်းပြနေခဲ့ကြတာပင်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now