-77- (ငါပဲ ဖြစ်ရမယ်)

1.4K 313 35
                                    

(Unicode)

ထိုအခိုက်အတံ့မှာပဲ ယွိကျန်းတု သူ့ရင်ဘတ်ထဲက အမျိုးအမည်မသိရတဲ့ ထူးဆန်းသော ခံစားချက်က ဘာဆိုတာ သဘောပေါက်သွားခဲ့ရတော့သည်။

အတိတ်တုန်းက ရှန်းချွယ့်၏ အပြုအမူများရဲ့နောက်ကွယ်က အကြောင်းအရင်းကိုလည်း နားလည်သွားရ၏။

ရှန်းချွယ့်က တစ်ခါ တစ်ခါ ထထဖောက်ပြီး သူများတွေအပေါ် မလုပ်ဖူးတဲ့ အပြုအမူတွေ သူ့ကိုကျမှ ဘာလို့ လုပ်ပေးနေရလဲဆိုတာတွေအပေါ်လည်း ရှင်းရှင်းလင်းလင်း သိသွားရသည်။

ရှန်းချွယ့် အခုလိုတွေ လုပ်နေတာ ငါက သူ့ကို ကြိုက်နေတယ် ထင်နေလို့ပေါ့လေ????

ယွိကျန်းတုမှာ ထိုအတွေး၀င်သွားသည့်အခိုက် နေရာမှာတင် တောင့်တောင့်ကြီး ရပ်နေလိုက်မိသည်။ ဘာလုပ်လို့ ဘာကိုင်ရမလဲပင် မသိတော့ချေ။
သူက ခန္ဓာကိုယ်အတောင့်လိုက်ကြီးနှင့် ခေါင်းသာ လှည့်ရင်း ရှန်းချွယ့်အား ကြည့်လိုက်သည်။

ရှန်းချွယ့်မှာမူ သူ့ထက်စာလျှင် နေရခက်‌သည့်ပုံ ပေါ်မနေခဲ့‌။
သူ့အကြည့်ကို သတိထားမိတော့ သူက ခေါင်းမာစွာ လက်ခါယမ်းပြရင်း...
"ငါ စဉ်းစားပေးမယ်လို့ ပြောတယ်နော်...မင်း အဲ့အတွက် သိပ်ပြီး ခေါင်းအခြောက်ခံနေစရာ မလိုဘူးရယ်"

ယွိကျန်းတု :"......"
မဟုတ်ပါဘူး ဆိုနေမှ!!!

ရှန်းချွယ့်က ပြောလည်း‌ပြောရင်း သူ့ကိုယ်သူ အရမ်း ဂုဏ်ဆာနေမိတဲ့ရုပ်များ ပေါက်သွားမလား တွေးမိသွားကာ ယွိကျန်းတု စိတ်ပြောင်းသွားမှာလည်း စိုးရိမ်သွားရသည်။

သို့နှင့် သူက အသံတိုးတိုးလေးနှင့် အရိပ်အမြွက်တွေ လာပြော၏။

"..........ငါ့အနေနဲ့ ပြောပြရရင် မင်းဆီမှာ အောင်မြင်နိုင်ချေ ရာခိုင်နှုန်း တော်တော်လေး မြင့်တယ်..အဲ့တာမို့ သိပ်စိတ်ပူမနေပါနဲ့"

ယွိကျန်းတု :"........"

သူက စထရိတ် တို့ရဲ့ စထရိတ်ကြီး ဆိုပေမဲ့ ရှန်းချွယ့်က ဒီကိစ္စမှာ သူ့ထက်ကိုပိုပြီး စိတ်အားထက်သန်နေရောပဲ!!!

အခုနေများ သူ့ဖက်ကနေ ကျွန်တော့်မှာ အဲ့လိုစိတ်ကူး မရှိပါဘူး ဆိုတာများ ထပြောလိုက်ရင် ချက်ချင်းလက်ငင်း ဆာလောင်မွတ်သိပ် တစ္ဆေလမ်းကြောင်းပေါ်များ ပစ်ချလိုက်လေမလား...

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now