-40- ဥပါဒါန်(စွဲလမ်းရာ)

2.6K 506 23
                                    

(Unicode)

ရှန်းချွယ့်အနေဖြင့် ရေဘောလုံးဂိမ်းအား ဆော့ချင်စိတ်ပြင်းထန်‌နေပါသော်လည်း ၄င်းမှာ ရှိုးတွင်ဟန်ပြပါ၀င်ပေးရန် ဖိအားပေးခြင်း ခံရသည်။ အရာရာတိုင်း သူ့အလိုကျ ဖြစ်ချင်နေလို့ မရတာမို့ သူ့မှာ ရင်းနှီးမြုပ်နှံသူ၏ စိတ်တိုင်းကျ ကြိုးဆွဲရာ ကပေးရ၏၊

အဘယ့်ကြောင့်ဆိုသော် ပါ၀င်သည့်ဂိမ်းများအနက် ရေဖြင့်ကစားရသည့် ကစားနည်းမှာ ဧည့်သည်အနုပညာရှင်များ၏ မိတ်ကပ် အ၀တ်အစား ဆံပင်အပြင်အဆင်အစရှိသည်တို့ကို ပျက်စီး‌စေသည်မို့ ၎င်းဂိမ်းများကို အစီအစဉ်နောက်ဆုံးမှသာ ကစားကြရန် ရွှေ့ဆိုင်းထားခဲ့ကြသည်။

သို့နှင့် ရှန်းချွယ့်တစ်ယောက် ထုတ်လုပ်သူဖက်က စီစဉ်ပေးသည့် အကြောဖြေဖျာ တက်နင်းသည့်ကစားနည်း ၊ ခြေတစ်ပေါင်ကျိုးတွန်းတိုက်သည့်ဂိမ်း အစရှိသည့် ကစားနည်းများကို ဦးစွာ ၀င်ဆော့ကစားပေးရသည်။

ထို့အတွက်ကြောင့်ပဲ ပဟေဋိဆန်သော အဖြစ်အပျက်များ ဖန်သားပြင်ပေါ်၌ ရိုက်ကူးရရှိမိသွားသည့် အခိုက်အတံ့များ ပေါ်ပေါက်လာခဲ့ရတော့၏။

အဖွင့် ဂိမ်းကစားနည်း ဖြစ်သည့် အကြောဖြေဖျာ တက်နင်းရသည့် ဂိမ်းတွင်
ပါ၀င်သည့်ကစားသမားများ၏ မျက်နှာအမူအရာများမှာ နာကျင်မှုကြောင့် မသက်မသာ ဖြစ်နေကြဟန်များ ထင်ဟပ်နေကြသည်။

(T/N : Running Man တို့လို variety show တွေနဲ့ရင်းနှီးရင် ဒီဂိမ်းတွေက မျက်လုံးထဲ တန်းပေါ်လာမယ်ထင်တယ်
အကြောဖြေဖျာဆိုတာ ရိုးရိုးဖျာကိုပဲ ဘုသီးလေးတွေပါပြီး အဲ့ပေါ်ကို တက်နင်းရင် ခြေဖဝါးတွေ နာတယ်လေ)

ဖျာတစ်ချပ်‌တည်းပေါ်တွင် ရပ်နေရခြင်းမျိုး မဟုတ်ဘဲ ပြေးလမ်းတစ်လမ်းစာ အပြည့်ခင်းထားသည့် ဘုသီးပါသော ဖျာကြမ်းများပေါ်တွင် ဖြတ်ပြေးရသည်မို့
တစ်ယောက်မကျန် နာကျင်မှုကြောင့် အော်ဟစ်သူက အော်ဟစ် ၊ ကြိတ်မှိတ်သည်းခံသည့်သူက သည်းခံ။

အခန်းထဲကအခန်းပြင်မထွက်ဘဲ အားကစားလှုပ်ရှားမှုမရှိသည့် streamers များက အခြားသူများထက်ပိုဒဏ်ခံစားရပေ၏။
၎င်းတို့၏ အမူအရာများမှာ ပို၍ သဲကဲနေကြသည်မို့ ကြည့်ရှုသူများအနေဖြင့် ကာယကံရှင်များ နေရာ၀င်ခံစားနိုင်သည့်အလား နာကျင်မှုကို တစ်ထပ်တည်း ခံစားသွားရလောက်မည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now