-17- (အမြတ် စတင်ရရှိလာခြင်း)

2.9K 630 32
                                    

(Unicode)

အသက်ရှိစဉ်က ဟောက်၀မ်းထောင်မှာ ၀င်းလက်တောက်ပသော ဘ၀ဇာတ်ကြောင်း ရှိခဲ့သည်။
ငယ်ရွယ်စဉ်အချိန်ကတည်းက သူ့ရဲ့ အမှတ်စာရင်းမှာ အမြဲတမ်း တသမတ်တည်း ရှိခဲ့ပြီး လူကိုယ်တိုင်ကလည်း အသိုင်းအဝိုင်းတော်တော်များများက ခြေဝင်ဆံ့သူ ဖြစ်၏။
သူက တပည့်တွေကြားထဲမှာလည်း အထူးချွန်ဆုံး သူတစ်ယောက်ပင်။
ဘွဲ့ရပြီးနောက်တော့ ရှေ့နေတစ်ယောက်ဖြစ်လာပြီး နှစ်အနည်းငယ်ကြာပြီးနောက် သူစုဆောင်းထားသမျှနဲ့ ပိုင်‌ဆိုင်သမျှတွေနဲ့ သူ့ကိုယ်ပိုင် law firm ထောင်နိုင်သည်အထိ ဖြစ်လာခဲ့ရသည်။
သူ့ရဲ့အလုပ်အကိုင်ပါမက မိသားစုဘ၀ကလည်း စိတ်ချမ်းသာစရာ‌တွေချည်းပဲမို့ သူ့ဘ၀ကြီးက အမှန်တကယ်ပင် အားကျဖို့ ကောင်းခဲ့သည်လေ...

သို့သော် ဘယ်သူကများ တွေးထင်ထားမိမှာလဲ..
ဒီလိုလူမျိုးက ဘ၀နိဂုံးချုပ်ချိန်မှာတော့ သူ့အုတ်ဂူကိုတောင် လာရောက်ကန်တော့မယ့် သူတစ်ယောက်တလေမှမရှိပဲ သေဆုံးခဲ့ရမည်ကို...
ပြီးတော့ အဲ့တာကလည်း ဘယ်သူ့ကြောင့်မှ မဟုတ်ပဲ သူ့အပြစ်တွေကြောင့်ချည်းပဲ။

သူ အသက်ရှိစဉ်က ဟောက်၀မ်းထောင်ဆိုသည်မှာ အင်မတန်မှ လက်တွေ့ကျသည့် သူတစ်ယောက်။
သရဲတ‌စ္ဆေဒဏ္ဍာရီတွေကိုဆို နှာရှုံ့လေ့ရှိသည့်သူတစ်ယောက်။
အဲ့တာတင်မကသေးပဲ....သူက အိမ်မှာပါ သိပ္ပံပညာကို အထူး လက်ကိုင်စွဲထားတာကြောင့် အိမ်သူအိမ်သားတွေက အဲ့ဒီဖက်လိုင်းနဲ့ ပတ်သတ်တဲ့ အယူအဆတွေရှိနေတာမျိုးဆို အပြင်းအထန် ကန့်ကွက်ခဲ့သည်...
သူ့ ဩဇာအာဝါသအောက်မှာ တစ်မိသားစုလုံးက အိမ်နီးချင်းတွေကြားထဲမှာ ခေတ်မီတိုးတက်တဲ့ သိပ္ပံနည်းကျ မိသားစုတစ်ခုနှယ် ဖြစ်သွားခဲ့ရသည်အထိ။

သာမန်နေ့တွေ မဆိုထားနှင့်
အခါကြီးရက်ကြီးတွေမှာတောင်မှ သူတို့တွေက ရိုးရာကန်တော့ပွဲထိုး‌တာမျိုးတွေတောင် မလုပ်ကြတော့ချေ။

ဒါပေမဲ့လည်း ဒီကိစ္စက ရေးကြီးခွင်ကျယ်တော့မဟုတ်လှ။ သေပြီးသား ဝိဉာဉ်များက လူ့လောကမှာ နေမယ်ဆိုရင်တောင်မှ အချိန်အပိုင်းအစ တိုတိုလေးပဲ နေနိုင်မှာဖြစ်ပြီး ပြန်လည်၀င်စားဖို့ ပြင်ဆင်ရမှာ ဖြစ်သည်။
ထို့အတွက်ကြောင့် ဘယ်သူကမှ ဒီဝိဉာဉ်တွေဆီ လာကန်တော့သည်ဖြစ်စေ မကန်တော့သည်ဖြစ်စေ...
သူတို့အတွက် အများဆုံးထိခိုက်နိုင်တာဆိုလို့ အချိန်တစ်ခုလောက်အထိ ဆာလောင်စေနိုင်တာပဲရှိသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now