လမ်းတစ်လျှောက်တွင် အဖိုးကြီး၏ မျက်နှာထက် ဝမ်းနည်းမှုများ ရှိနေပြီး သက်ပြင်းချနေမိသည်။ လူငယ်လေးမှာ နောက်ဆုံး၌ မနေနိုင်ပဲ မေးလာတော့သည်။
ဆရာဝမ်ကျင်းအင်မော်တယ် ဂိုဏ်းက အခု မရှိတော့မှာ စိုးမိတယ်ဘာကြောင့် သွားနေတော့မှာလဲ

လူအိုကြီးမှာ သက်ပြင်းချလိုက်ပြီး
ချောင်အာကျင့်ကြံခြင်းဆိုတာ ကောင်းကင်ကို ဆန့်ကျင်ရတဲ့ အလုပ်ပဲငါတို့က သာမန်လူတွေ မဟုတ်တော့ အန္တာရာယ်က အမြဲရှိတယ်အန္တာရာယ်ကြောင့် တစ်ယောက်ယောက် သေသွားခဲ့လို့ ဒီလို တွေးနေမယ်ဆိုရင် ငါတို့ အလောင်းကို ဘယ်သူ လာကောက်ပေးတော့မှာလဲ

ပိုင်ဝူချန်း နဲ့ ငါ က ဓားကို နှစ်ပေါင်းများစွာ ကျင့်ကြံလာပြီး နှစ်တစ်ရာလောက်အထိ အခြင်းခြင်း ယှဉ်ပြိုင်လာခဲ့တာအခု သူ မရှိတော့ဘူးဆိုတော့ သူ့ မိတ်ဆွေဟောင်းဖြစ်တဲ့ ငါ ပဲ အလောင်း သွားကောက်ပေးရတော့မှာပေါ့

ဆရာကျွန်တော်တို့ ဓားနတ်ဆိုး နဲ့ တိုးမယ်ဆိုရင် ဘယ်လို လုပ်ကြမလဲ လူငယ်လေးမှာ စိုးရိမ်စွာဖြင့် မေးလာခဲ့သည်။

လူအိုကြီးမှာ ခေါင်းခါယမ်းလိုက်ကာ  ငါ လည်း နောက်ထပ် နှစ်ဘယ်လောက်မှ နေရတော့မှာ မဟုတ်ဘူးဒီလို ဖြစ်လာမယ်ဆိုရင်တော့ မင်း ထွက်ပြေးပါငါ မင်းအတွက် အချိန်ဆွဲထားပေးမယ်

သူ ထိုသို့ ပြောလာသော်လည်း မျက်လုံးထဲတွင် ဝမ်းနည်းမှု အချို့ရှိနေသည်။ လွန်ခဲ့သည့် ငါးနှစ်က သူ့ဂိုဏ်းမှာ ခမ်းနားကြီးကျယ်ခဲ့သည်။ သို့သော် ဓားနတ်ဆိုး ကြောင့် တစ်ဝက်ခန့် ပျက်ဆီးသွားခဲ့လေသည်။ ယခု သူသည်လည်း အိုမင်းလာသည့်အတွက်ကြောင့် ယခင်က ကဲ့သို့ မသန်မာတော့ချေ။ ထိုကြောင့် ဓားနတ်ဆိုး မှာ သူ့အား စိန်မခေါ်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူသည်လည်း သေဆုံးသည်မှာ ကြာနေလောက်ပြီ။

ပိုင်ဝူချန်း ၏ ခေါင်းမာသည့် အမူအကျင့် ကြောင့် ဓားနတ်ဆိုးထံမှ ထွက်ပြေးရန် မကြိုးစားပဲ ရင်ဆိုင် တိုက်ခိုက်မည် ဖြစ်ကြောင်း သူ သိသည်။ ယခု ပိုင်ဝူချန်း ၏ အလောင်းမှာ အေးစက်နေလောက်ပြီဟု တွေးလိုက်မိသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now