ထိုမျှသာမကသေး။ ထိုသူတို့သည် ရည်မှန်းချက်လည်း ကြီးတတ်ကြသည်။ ရွှမ်ရွေ့သည် ချုံအန်းမင်းကြီး၏ တူတော်ဖြစ်သည်။ ထန်မင်အနေနှင့် သူ့ကိုထီးနန်းဆက်ခံစေချင်လျှင် အနည်းဆုံး ရွှမ်ကျင်းနှင့်ရွှမ်ချုံကိုတော့ သတ်ရလိမ့်မည်။ သူ ဤသို့သော ယုံကြည်ချက်မျိုးကို မည်သည့်နေရာမှ ရခဲ့သနည်း။

ထိုသို့သော ရှုပ်ထွေးပွေလီလှသည့် ကိစ္စမျိုးများတွင် တစ်ခုခုအတိမ်းအစောင်း ရှိခဲ့ပါက ရွှမ်ရွေ့အနေနှင့် အသက်ဆုံးရှုံးနိုင်သည်။

ကျုံးဝမ် စာကိုမီးရှို့လိုက်သည်။ မတ်တပ်ထရပ်လျက် အိမ်တော်စစ်သည်တစ်ယောက်ကို ခေါ်လိုက်သည်။ အမိန့်များမှာကြားပြီးနောက်တွင် သူချန်အန်းသို့ ယနေ့သွားမှရမည်ဟု အမိန့်ပေးလိုက်သည်။

ကျုံးဝမ် ဤပြဇာတ်ကို နိုင်အောင်ကနေသည်။ နောက်တစ်နေ့တွင် သူကထန်မင်ထံသို့ ဦးစွာသွားရောက်ခဲ့သည်။ သူအဘယ်ကြောင့် လင်စစ်ကိုမလွှတ်တော့သနည်းဟု ထန်မင်ကအမေးရှိလျှင် ကျုံးဝမ်၏မျက်နှာမှာ ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူကိုယ်တိုင်လာမှသာ ပိုလုံခြုံသည်ဟု ပြန်ဖြေကြားလိုက်သည်။

အကယ်၍ လင်စစ်နှင့်သူသာ တကယ်စကားများခဲ့ကြလျှင် ဤတုံ့ပြန်မှုမျိုးသည် ကွက်တိဖြစ်လွန်းသည်။

သို့သော် ထန်မင်က သူ့အဖြေကို ကြားပြီးနောက်တွင် မူလပုံအတိုင်းသာ ရှိနေသည်။ ထိုအခြင်းအရာသည် သူအတွေးလွန်နေခြင်းသာလားဟု ကျုံးဝမ်ကို ဒွိဟဖြစ်စေသည်။

မည်သို့ပင်ဆိုဆို ထန်မင်သာ အမှန်တကယ် သွေးထိုးလိုလျှင် သူ့လုပ်ရပ် အောင်မြင်ကြောင်း ခံစားရမည်မှာ သိသာသည်။

ဤတစ်ခေါက်တွင်မူ ကျုံးဝမ် အလောတကြီးလာခဲ့သည်မဟုတ်။

တစ်နေကုန် အလုပ်များနေပြီးနောက်တွင် ကျုံးဝမ်က အိမ်တော်သို့ တစ်ကိုယ်လုံး ကိုက်ခဲလျက် ပြန်ခဲ့တော့သည်။ သူလက်ဖက်ရည် တစ်ငုံသောက်လျက် မျက်စိစုံမှိတ်ကာ ထန်မင်နှင့် ယနေ့တွေ့ဆုံမှုအကြောင်းကို ပြန်တွေးတောနေသည်။

ထန်မင်သည် ဉာဏ်ပြေးလွန်းသည်။ သူ့အပြောနှင့် လုပ်ရပ်တို့သည် လွန်စွာခိုင်မာလှသည်။ သို့သော် ထန်မင်နှင့်ပတ်သတ်၍ သူ၏သံသယတို့မှာ မလွဲနိုင်ဟု ကျုံးဝမ်သေချာသိနေသည်။ သူ၏ဆရာတူအစ်ကိုသည် ရွှမ်ရွေ့ကို နောက်ကွယ်မှနေ၍ ပံ့ပိုးထောက်ကန်ပေးနေသည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now