ယွီရှီက ရုတ်တရက် ကောက်မေးလိုက်သည်။ "မင်းကြီးရဲ့ ကျန်းမာရေးက ဘယ်လိုလဲ"

ဤလူသည် မင်းသမီးကြီးအန်းကော၏ လူယုံဖြစ်သည်။ ပုံမှန်အခြေအနေမျိုးတွင် သူ့ကိုယ်သူ လုံခြုံစွာ ပုန်းကွယ်နေလေ့ရှိသည်။ ယွီရှီ သူ့ကို သတိပြုမိသွားမည်ဟု သူမမျှော်လင့်ခဲ့။ မင်းသမီးကြီးအန်းကော၏ ရပ်တည်ချက်ကို သူကောင်းမွန်စွာ နားလည်သဖြင့် ရှိရှိသမျှ သတ္တိတို့ကို စုစည်းကာ အသံတုန်တုန်ဖြင့် လျှောက်တင်လိုက်သည်။ "အမှန်အတိုင်း လျှောက်တင်ရရင် အရမ်းကောင်းနေတာတော့ မဟုတ်ပါဘူး... ဘယ်သူမှ မမေးရဲတာပဲ ရှိတာပါ"

မင်းကြီး၏ကျန်းမာရေးအကြောင်း စုံစမ်းမှုသည် နိုင်ငံတော်သစ္စာဖောက်မှုမြောက်သည်။ ထိုသို့မေးမြန်းမှုမျိုးကို ရှောင်ကြဉ်ရမည်မှန်း လူတိုင်းသိသည်။

ယွီရှီက မျက်လုံးများကို မှေးလိုက်သည်။ "ဒါဆို မင်းသမီးက ဘယ်လိုသိတာလဲ"

"မင်းသမီးကြီးက အရိုအသေပေးဖို့အတွက် မင်းကြီးဆီကို မကြာခဏသွားလေ့ရှိပါတယ်။ ကိုယ်တိုင်ပဲ သတိပြုမိခဲ့တာ ဖြစ်နိုင်ပါတယ်။ ပြီးတော့လည်း..." လူယုံက အသံကိုနှိမ့်လိုက်သည်။ "မင်းသမီးကြီးရဲ့ လူတွေက တော်ဝင်ဆေးကုသရေးရာမှာလည်း ရှိပါတယ်။ မင်းသမီးကြီးက ဆက်ခံသူအတွက် အကုန်လုပ်ပေးနေတာပါ။ စည်းကမ်းချိုးဖောက်သလို ဖြစ်နိုင်တာကိုတောင် စိတ်ပိုင်းဖြတ်ပြီးတော့ကို..."

ယွီရှီက တည်တည်ငြိမ်ငြိမ် ပြန်ပြောသည်။ "မင်းအသုံးမဝင်တဲ့ စကားတစ်ခွန်းပြောရင် မင်းရဲ့လက်တစ်ချောင်းကို ငါဖြတ်ပစ်မယ်"

လူယုံမှာ ဆွံ့အသွားရသည်။ သူကခေါင်းစဉ်ပြောင်းပြောလိုက်သည်။ "မင်းသမီးကြီးက ဒီအခြေအနေကို စူးစမ်းနေရတာက ဘာအဓိပ္ပာယ်မှမရှိပါဘူး။ မင်းကြီးက အရင်မင်းကြီးလို ဖြစ်သွားမှာကိုပဲ မင်းသမီးကြီးစိုးရိမ်နေတာပါ။ ဘယ်အရာမှ မတည်မြဲဘူးဆိုတာကို လက်မခံနိုင်ဖြစ်... ဖြစ်လွန်းတာကိုပေါ့။

လူယုံသည် ချုံအန်းမင်းကြီးအကြောင်းနှင့်ပတ်သတ်၍ သိပ်မပြောရဲပေ။ ယခင်မင်းကြီးကိုသာ ဉပမာထား၍ ပြောနိုင်သည်။ "အရင်မင်းကြီးတုန်းက သူအသက်ရှည်ရှည်နေမယ်ဆိုပြီး စွဲစွဲမြဲမြဲယုံကြည်ထားတော့ အိမ်ရှေ့စံကို စောစောမရွေးခဲ့ဘူး။ ဒါကြောင့်မို့ ပြဿနာပေါင်းစုံ ဖြစ်ခဲ့ရတာပါပဲ။ မင်းသမီးကြီးက အဲ့လိုမျိုး ထပ်မဖြစ်စေချင်လို့ ကျွန်တော်တို့မင်းကြီး အသိရှိကျန်းမာနေတုန်းမှာ ဖြေရှင်းသင့်တဲ့ကိစ္စတွေကို ဖြေရှင်းထားချင်တာပါ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာHikayelerin yaşadığı yer. Şimdi keşfedin