တစ်ဖက်တွင်လည်း ယွီရှီသည် သူ့လက်ထဲရှိ အတွင်းဝတ်အသန့်တို့ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူ့ထံမှထွက်နေသော ဒေါသအမျက်တို့သည်လည်း ယုတ်လျော့နည်းပါးသွားခဲ့ပြီ။

ယခုမှပင် ယွီရှီ၏အတွေးတို့မှာ စုစုစည်းစည်းဖြစ်လာသည်။ ကျုံးဝမ် သူ့ထံသို့ မလာချင်ခဲ့တာမဟုတ်ဘဲ နေမကောင်းဖြစ်နေ၍ ရုပ်ပိုင်းဆိုင်ရာအရ မလှုပ်ရှားနိုင်၍ မလာနိုင်ခြင်းဖြစ်ကြောင်း သူနားလည်လာခဲ့သည်။

သူ့မျက်ဝန်းတို့မှာ ပို၍နူးညံ့လာသည်။ သူ့လက်ထဲရှိ အင်္ကျီတို့ကိုကြည့်ကာ အိပ်မက်မှနိုးလာသော လူတစ်ယောက်သဖွယ် ရပ်တန့်နေသည်။ ဆက်လုပ်ရန်လည်းမဟုတ်၊ ရပ်လိုက်ရန်လည်းမဟုတ်။

ကျုံးဝမ်မှာ ယွီရှီ၏မျက်လုံးတို့ကိုကြည့်ရင်း သူအသိအာရုံ ပြန်ကပ်လာပြီဖြစ်ကြောင်း သိလိုက်သည်။ အနည်းငယ် နှမြောတသဖြစ်မိသော်လည်း သူကချောင်းဟန့်ပြီး ပြောလိုက်သည်။ "ရပြီ။ ငါ့ကိုပဲပေးတော့..."

ယွီရှီက မျက်မှောင်ကြုတ်နေသည်။ ကျုံးဝမ်ကိုလျစ်လျူရှုလျက် အံဆွဲကို ဝေ့ကြည့်ကာ အခြားအရာတစ်ခုကို ထုတ်လိုက်သည်။ ကျုံးဝမ်မှာ ထိုအရာကို သေချာကြည့်ခွင့်မရလိုက်။

ကျုံးဝမ်က ယွီရှီကို ရင်တုန်ပန်းတုန်ဖြင့် သူ့ထံချဉ်းကပ်လာသည်ကို ကြည့်နေမိသည်။ ခေတ္တအကြည့်ဆုံပြီးနောက်တွင် ယွီရှီက အင်္ကျီတို့ကို ခုတင်ပေါ်သို့ ပစ်တင်လိုက်သည်။ လက်ထဲတွင်မူ အခြားအရာတစ်ခုကို ကိုင်ထားသည်။ ကျုံးဝမ်ထိုအရာကိုကြည့်လိုက်သည်— ထိုအရာမှာ သူ၏ခေါင်းစည်းကြိုးများထဲမှ တစ်ခုဖြစ်နေသည်။

ကျုံးဝမ်အံ့အားသင့်သွားသည်။ ယွီရှီက သူ့ကိုခေါင်းပါဖြီးပေးမလို့လား။

ကျုံးဝမ်စကားပြောသည်အထိ မစောင့်ဘဲ ယွီရှီက လက်ကိုမြှောက်ကာ ကျုံးဝမ်၏ခေါင်းစည်းကြိုးဖြင့် သူ့မျက်လုံးများသူအုပ်လိုက်သည်။

ကျုံးဝမ်ဆွံ့အသွားရသည်။

မင်းသားငယ်ယွီသည် သူမမြင်အပ်မမြင်သင့်သည်တို့ကို မမြင်မိဖို့ တကယ်ပဲ သံဓိဋ္ဌာန်ချထားခဲ့သည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now