အခန်း (900)

1.3K 200 25
                                    

အခန်း (၉၀၀)  :  အလေးထားခံရခြင်း

ဖန်းကျဲက မိုဝူကျိအား ကျင့်ကြံရေး အရင်းအမြစ်များ သွားတောင်းနိုင်သည်ဟု ပြောထားသော်လည်း မိုဝူကျိက သွားမတောင်းချေ။ တကယ်တော့ ဖန်းကျဲသည် ကောင်းကင်လူသားဂိုဏ်း၏ တည်ထောင်သူဘိုးဘေးတွေထဲမှ တစ်ယောက်ဟု ယူဆ၍ ရသောကြောင့် သူ့တွင် ရတနာပစ္စည်းကောင်း အချို့ရှိနေမှ ဖြစ်မည်။ ကောင်းကင်လူသားဂိုဏ်းကို ပြန်လည်ဖွင့်လှစ်ပြီးနောက် သူသည် ကောင်းကင်လူသားဂိုဏ်း၏ စာကြည့်တိုက်အား ပြန်လည်တည်ဆောက်ရန် စီစဉ်နေရုံသာ ရှိသေး၏။

မိုဝူကျိသည် ကျင့်ကြံရေး အရင်းအမြစ်များကို သွားမယူတော့ပေ။ ထို့အပြင် ယခု လောလောဆယ်တွင် ကျင့်ကြံဖို့လည်း မလုပ်သေးပေ။ သူက ရှိသမျှ အချိန်အားလုံးကို စာကြည့်တိုက်တွင်သာ သုံးလိုက်သည်။ စာကြည့်တိုက်ကို တည်ဆောက်ပြီးကာစတွင် မည်သည့် သာမန်တပည့်မဆို ကျင့်စဉ်နှင့်ပက်သက်သည့်အရာများကို ဝင်ရောက် ရှာဖွေနိုင်ပေမည်။ ထိုသို့ ဝင်ရှာရာတွင် ဂိုဏ်းအား မည်သည့် အခွန်အခမျှ ပေးဆောင်ရန် မလိုပေ။ အကြောင်းရင်းမှာ ဂိုဏ်းအခွန်ဆောင် စနစ်အား ယခုအချိန်၌ မသတ်မှတ်ရသေးသောကြောင့် ဖြစ်သည်။

ဂိုဏ်းပြင်ရေးရာ ခန်းမသခင်အပြင် အနာဂတ် တောင်သခင်အနေနှင့်လည်း သူသည် လွယ်လွယ်ကူကူပင် စာကြည့်တိုက် တစ်ခုလုံးအား ဖတ်ရှုပိုင်ခွင့် ရှိလေ၏။ သူက နတ်ဘုရားနယ်မြေသို့ ရောက်လာသည်မှာ သိပ်မကြာသေးသောကြောင့် မိုဝူကျိသည် နတ်ဘုရားနယ်မြေရှိ ကိစ္စ တော်တော်များများအကြောင်း မသေချာသေးပေ။ တကယ်တော့ သူသည် ဤနယ်မြေမှ မည်သည့် နတ်ဘုရားအဆင့် ဝိညာဉ် ဆေးဖက်ဝင်အပင် တစ်ပင်ကိုမျှ မမှတ်မိသေးပေ။

ဂိုဏ်းအား အတိုက်ခိုက်ခံရပြီးနောက် စာကြည့်တိုက်တွင် ဖန်းကျဲ ထိန်းသိမ်းထားခဲ့သော မှတ်တမ်းများ၏ အစိတ်အပိုင်းတစ်ခုမျှသာ ကျန်ရှိတော့သော်လည်း ထိုအရာမှာ မိုဝူကျိအတွက် လုံလောက်နေလေပြီ။

တကယ်တော့ ဖန်းကျဲသည် ပစ္စည်း တော်တော်များများကို ထိန်းသိမ်းထားနိုင်လိုက်သည်။ သူ ပြသမထားသော ထိပ်တန်းအဆင့် ကျင့်စဉ်အချို့မှတစ်ပါး နတ်ဘုရားနယ်မြေနှင့် ပက်သက်သော မှတ်စုစာတမ်းအချို့၊ သာမန်ကျင့်စဉ်အချို့နှင့် နတ်ဘုရားနယ်မြေရှိ ကျင့်ကြံဆင့်၏ မိတ်ဆက်နှင့် ရှင်းလင်းချက်တို့၏ အပြည့်အစုံတောင် ရှိပေသည်။ အစီအရင် မိတ်ဆက်၊အဆောင်များအကြောင်း၊ နတ်ဘုရားအဆင့် ဝိညာဉ်ဆေးဖက်ဝင် အပင်များနှင့် ထိပ်တန်းအဆင့် ပစ္စည်းများ၏ အမျိုးအစားများ  ၎င်းတို့ အားလုံးကိုကား မိုဝူကျိသည် တော်တော်လေး အလေးထား ဖတ်ရှုလိုက်သည်။

လူသားသစ္စာ (701-900)Where stories live. Discover now