အခန်း (793)

774 168 1
                                    

အခန်း  (၇၉၃)  :  ဖင်းဖန်အား ဝိုင်းထားခြင်း

“ တာအိုဧကရာဇ် …. ကျုပ်တို့တွေ မိုဝူကျိရဲ့ ဖင်းဖန်အင်မော်တယ်ကျောင်းတော်ထဲမှာ ရှိတဲ့သူတိုင်းကို ဖမ်းဆီးပြီးတော့  နတ်ဘုရားမျိုးနွယ်စုရဲ့ ဒေါသကို ဖြေဖျောက်ဖို့ ပို့ပေးသင့်တယ်လို့ ထင်တယ် ” ကျင်းယူက မြန်မြန် ထပ်ဝင်ပြောလိုက်သည်။ သူက ဖင်းဖန်ကို အမှန်တကယ် တိုက်ပစ်ချင်နေသည်။ သူက ဖင်းဖန်မှ လူများမှာ မိုဝူကျိ၏ တည်နေရာအကြောင်း သိနေကြလိမ့်မည်ဟု ယုံကြည်မိနေပြီး သူက ဖင်းဖန်မှ ပစ္စည်းကောင်းများ ရနိုင်ရုံသာမက မိုဝူကျိ ပုန်းနေသည့်နေရာကိုလည်း အကြောင်းကြားနိုင်လိမ့်မည်။

“အရူး ” အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်

“ ငါတို့ အထက်ဘုံက တခြားမျိုးနွယ်စုတွေရဲ့ မျက်စိဒေါက်ထောက်ကြည့်တာကို အမြဲတမ်း ခံနေရတာပဲ …. နတ်ဘုရားမျိုးနွယ်စုက ငါတို့ကို ရင်ဆိုင်ဖို့ အကြောင်းပြချက် သပ်သပ်ရှာရုံပဲ။ နတ်ဘုရားမျိုးနွယ်က  အကြောင်းပြချက် ရှာမတွေ့ရင်တောင် တခြားမျိုးနွယ်တွေက ငါတို့ လူသားမျိုးနွယ်ကို ဖယ်ရှားဖို့ အကြောင်းပြချက် ရှာကြဦးမှာပဲ ”

ဝင်ပြောလိုက်သူမှာ မျက်ခုံးချွန်ချွန်နှင့် လူလတ်အရွယ် အမျိုးသားကြီး ဖြစ်ကာ သူ့ပုံစံက အနည်းငယ်  ပိန်နေသည်။

ခန်းမအတွင်းရှိ အားလုံးက ထိုလူအား မှတ်မိလိုက်ကြသည်။ ထိုလူမှာ အထက်ဘုံ၏ မဟာဧကရာဇ် ကျုံးမင်ရှန်း ဖြစ်ပြီး အထက်ဘုံ ကာကွယ်သူများထဲမှ တစ်ယောက် ဖြစ်ပေသည်။ ကျုံးမင်ရှန်းသည် အားကောင်းလွန်းသော်လည်း ရှေးကျသည့် ပုံစံမျိုး ဖြစ်ကာ ဒေါသကြီးပေသည်။ သူ့အနေနှင့် အထက်ဘုံ၌ မိတ်ဆွေများများစားစား မရှိခြင်း အကြောင်းအရင်းလည်း ဖြစ်ပေ၏။

ကျင်းယူက ကျုံးမင်ရှန်းအား အေးစက်စွာ စိုက်ကြည့်လိုက်ပြီး “ ကာကွယ်သူ စကားအရဆိုရင် မိုဝူကျိရဲ့ ပါရမီရှင် သခင်လေး ဝူလီကို သတ်ပစ်လိုက်တဲ့ အပြုအမူက ကျုပ်တို့ လူသားမျိုးနွယ်စုအတွက် ဘာပြဿနာမှ မဖြစ်စေဘူးပေါ့ ”

ကျုံးမင်ရှန်းက အားရပါးရ ရယ်မောလိုက်ကာ  သူ့အမူအယာမှာလည်း ပို၍ ပေါ်လွင်လာသည်။ သူက လက်ကို မြှောက်ကာ ကျင်းယူအား လက်ညိုးထိုးလိုက်ရင်း အော်ပြောလိုက်သည်

လူသားသစ္စာ (701-900)Where stories live. Discover now