အခန်း (762)

737 151 6
                                    

လူသားသစ္စာ ၅၅

အခန်း  (၇၆၂) :  အင်မော်တယ် ဧကရာဇ် ရောက်ရှိလာခြင်း

တစ်နာရီအတွင်း ဆေးမီးဖိုမှ  မှိန်ဖျော့ဖျော့ ရနံ့လေး ထွက်ပေါ်လာလေ၏။ လက်တစ်ချက် အဝှေ့ဖြင့် ဘေးတွင် ပြင်ဆင်ထားသော ကျောက်စိမ်းပုလင်းထဲ ဆေးလုံး ခြောက်လုံး ရောက်ရှိသွားသည်။

မိုဝူကျိက စိတ်လှုပ်ရှားမိနေပြီး မီးကို မငြိမ်းနိုင်သေးဘဲ ဆိတ်ငြိမ်မှုန့် ဆေးလုံးကိုသာ ဦးဆုံး ကြည့်လိုက်သည်။ ဆေးလုံး ပတ်ချာလည်၌ တာအိုစွမ်းအား ရစ်ပတ်နေပြီး ဆေးလုံးကို မသောက်ကြည့်ဘဲဖြင့် မိုဝူကျိက ထိုအရာမှာ ထိပ်တန်းအဆင့် ၉ ဆေးလုံး ဖြစ်ကြောင်း သိလိုက်၏။

နောက်ဆုံးတွင် သူက အဆင့် ၉ ဆေးလုံးဧကရာဇ် အမှန်အကန် ဖြစ်သွားလေပြီ။ မိုဝူကျိက သူသည် အခြားသော အဆင့် ၉ ဆေးလုံးဧကရာဇ်များနှင့် ကွာခြားကြောင်း ပိုသိသွားသည်။

သာမာန်အခြေအနေများအောက်၌ ဆေးလုံးတစ်သုတ်စာတွင် အဆင့်အမျိုးမျိုး  ပုံသေရှိကာ  အဆင့် ၁ မှ အဆင့် ၃ အထိ ၁၈ လုံး၊ အဆင့် ၄ မှ ၆ ကြား ၈ လုံး၊ အဆင့် ၇ မှ ၈ အထိ ၆ လုံးနှင့် အဆင့် ၉ မှာ ၃ လုံး ဖြစ်လေသည်။ သို့သော် ယခုတွင် သူက ဆိတ်ငြိမ်မှုန့် ဆေးလုံးအား ခြောက်လုံးထွက်အောင် ဖော်စပ်နိုင်ခဲ့သည်။ သူက သာမာန် အဆင့် ၉ ဆေးလုံးဧကရာဇ်ထက် ကျော်လွန်နေလေ၏။

မိုဝူကျိက ထိုအရာမှာ သူက တခြားသူထက် အရည်အချင်း ပိုကောင်း၍ မဟုတ်ဘဲ သူ့လူသားတာအိုမှာ ရိုးရှင်းသည်နှင့် အလှမ်းကွာဝေးလွန်းနေ၍ ဖြစ်မှန်း သိပေသည်။

တစ်ချိန်တည်းဆိုသလို မိုဝူကျိက အဆင့် ၉ ဆေးလုံး ဧကရာဇ် ဖြစ်လာဖို့ရာ အခက်အခဲကို ကောင်းကောင်း သိသွားသည်။ သူ့လူသားတာအိုနှင့် ဆေးလုံးတာအို အမွေအနှစ်တို့နှင့် သူက အဆင့်တက်ဖို့ရာ အာကာပြင် စည်းမျည်း အသိအမြင်များကိုပါ သုံးခဲ့ရသည်။

ထို့ကြောင့် မိုဝူကျိက ယခင်ရည်ရွယ်ချက်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်၏။

ယခင်အတွေးများအရ သူက အင်မော်တယ်ဆေးလုံးများကို ဆက်လက် ဖော်စပ်လိုလေ၏။ သူက ဈေးမြင့်မြင့် ရောင်းနိုင်မည့် အဆင့် ၉ အင်မော်တယ် ဆေးလုံးများကို ဖော်စပ်လိုနေမိသည်။

လူသားသစ္စာ (701-900)Where stories live. Discover now