အခန်း (806)

788 162 1
                                    

အခန်း  (၈၀၆)  :  ရှုံးနိမ့်ခြင်း

မိုဝူကျိက ခန်းမအဝင်ဝဆီ လျှောက်သွားလိုက်ပြီးနောက် ရုတ်ချည်း မေးလိုက်သည်  “ ဒီက အာကာပြင်နက်အသီးပင်မှာ အလွှာ ဘယ်နှခု ရှိတာလဲ ”

မိုဝူကျိက အဆင့် ၉ ဆေးလုံးဧကရာဇ် ဖြစ်ရာ အာကာပြင်နက်အသီးကို အရင်က တစ်ခါမှ မမြင်ဖူးသော်လည်း မိုဝူကျိက အသီးနှင့် အပင်အမျိုးမျိုး၏ ဝိသေသ လက္ခဏာများကို ကျွမ်းကျွမ်းကျင်ကျင် သိပေသည်။ အာကာပြင်နက်အသီးပင်တွင် အလွှာတစ်ချို့ ရှိပြီး အပင်၏ အဆင့်က မြင့်လေလေ အလွှာက ပိုများလေလေ ဖြစ်၏။

သုံးလွှာရှိသည့် အာကာပြင်နက်အသီးပင်ကို နမူနာအဖြစ် ကြည့်ကြည့်ပါက ပထမအလွှာရှိ အာကာပြင်နက်အသီးအားလုံး ဆွတ်ခူးပြီးသည်နှင့် ထိုပထမတစ်လွှာမှာ အာကာပြင်နက်အသီးများ ထပ်မံကြီးထွားလာပေလိမ့်မည်။ သို့သော်လည်း သက်တမ်းအရ ထိုပထမအလွှာသစ်ရှိ အသီးများမှာ ဒုတိယအလွှာရှိ အသီးများထက် ပို၍ သက်တမ်းနုပေမည်။

မိုဝူကျိက ဤကျွန်းမှ ထွက်သွားနေသည့် အကြိမ်ရေအတွက်ကို မှန်းဆကြည့်လိုက်ပြီး ထိုသစ်ပင်၌ အလွှာများများစားစား ရှိလိမ့်မည်မှန်း သိလိုက်သည်။ ထိုသို့ဆိုလျှင်ပင် သူတို့က အမြဲတမ်း ပထမအလွှာမှ အသီးကိုသာ ခူးဆွတ်လေ့ ရှိကြသည်။

လက်ရှိ မိုဝူကျိက အာကာပြင်နက်အသီး သက်တမ်းမှာ အရမ်းမကြီးရင့်သေးကြောင်း မှန်းဆမိလိုက်သည်။ အကြောင်းမှာ သူတို့၏ အလှည့်ကျ ခူးဆွတ်သည့် စနစ်ကြောင့် အလွှာမည်မျှပင် ရှိစေကာမူ အသီးများမှာ  သာမာန်သာ ဖြစ်နေသည်။

သာမာန် အာကာပြင်နက်အသီး၌ အာကာပြင် စည်းမျည်းအရိပ်အယောင်များ ဖြစ်တည်လာဖို့  အနည်းဆုံး နှစ်သုံးထောင်လောက် လိုအပ်မည် ဖြစ်ကာ ပိုကောင်းသာ အသီးများက နှစ်တစ်သိန်း သက်တမ်းလောက် လိုအပ်၏။

မိုဝူကျိက ဤသို့ ကြီးရင့်နေသည့် အာကာပြင်နက် အသီးကို မတောင်းဆိုပေ။ သူက နှစ် သုံးထောင် နှင့် ငါးထောင် သက်တမ်းကြား အသီးကို ရလျှင် ကျေနပ်ပြီ ဖြစ်သည်။

အကြောင်းမှာ အာကာပြင်နက်အသီးတွင် နောက်ထပ် အရေးကြီးသည့် အသုံးဝင်မှု တစ်ခု ရှိသေးရာ အာကာပြင်နက် ဆေးလုံးကို ဖော်စပ်နိုင်လေသည်။ ဤအာကာပြင်နက်ဆေးလုံးမှာ လူတစ်ယောက်အား အာကာပြင်၏ စည်းမျည်းများကို ဉာဏ်အလင်းပွင့်လာစေပြီး အသီးထက်စာလျှင် ပိုကောင်းပေသည်။ မိုဝူကျိက အာကာပြင် စည်းမျည်းများကို အသိဉာဏ်ပွင့်ပြီးသား ဖြစ်သော်လည်း သူ့ဖင်းဖန်၌ အာကာပြင်အသီး တော်တော်များများ လိုအပ်နေသေး၏။

လူသားသစ္စာ (701-900)Where stories live. Discover now