အခန်း (844)

777 148 5
                                    

အခန်း (၈၄၄)  :  ငါ့နာမည်က မိုဝူကျိ

“ အဖွားရော ရှိနေသေးလား ” မိုဝူကျိ စိတ်ထဲမှ အပြစ်ရှိစိတ်က ပို၍ ထင်ရှားလာသည်။ သူသာ ယခင်တုန်းက သုတေသနလုပ်ငန်းကို စိတ်ရောကိုယ်ပါနှစ်ထား၍ အလုပ်မလုပ်ခဲ့လျှင် ဝမ်ရှောင်ချီအား ဆုံးရှုံးခဲ့မည် မဟုတ်ပေ။ သူမအနေနှင့်လည်း ဝမ်းနည်းဖွယ် ဘဝမျိုးနှင့် ဆက်လက် ရှင်သန်သွားရမည် မဟုတ်ပေ။

တစ်ချိန်တည်းဆိုသလို မိုဝူကျိက ထိုအရာများ မပါလျှင် ယနေ့လက်ရှိ သူ ဖြစ်နေမည် မဟုတ်ကြောင်း ကောင်းကောင်း သိပေသည်။ လမ်းကြောင်းဖွင့် ဆေးရည်မပါရှိဘဲ သူက ပြန်လည်ဝင်စားပြီးသည့်နောက်တွင်ပင် သာမာန် ဝိညာဉ်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။

လမ်းကြောင်းဖွင့် ဆေးရည် ဖန်တီးလိုက်ခြင်းကား မမှားယွင်းသော်လည်း သူ့အနေနှင့် ဌက်ကုလားအုတ်လိုနေ၍ ဝမ်ရှောင်ချီအကြောင်း မတွေးမိသည်က မဟုတ်သေးပေ။

မိုချင်းချယ်က ခေါင်းခါကာ “ အဖွားက သေသွားပြီလေ။ အဖွားနဲ့အဖိုးတို့က ချန်လောင် အလယ်တန်းကျောင်းမှာ အတူတူ တက်ခဲ့ကြတာ … အဖွားသေဆုံးသွားတဲ့နောက်ပိုင်း ငါက  ဒီနေရာမှာ ဆရာမ ပြန်လာလုပ်နေတာ …. ”

“ အဲဆို မင်းအဖွားကို ဘယ်မှာမြှပ်ထားတာလဲ။ မင်းမိဘတွေကရော ” မိုဝူကျိက ထပ်မေးမြန်းလိုက်သည်။

မိုချင်းချယ်က ပြန်ဖြေပေးလိုက်၏  “ အဖေက စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ... စီးပွားရေး လုပ်ရင်း အကြွေးလည်ပင်းနစ်လာတယ်။ နောက်ပိုင်းကျ သူက ကာစီနိုမှာ ကံစမ်းချင်ပေမဲ့ ပိုရှုံးသွားရတယ်။ အမေကလည်း စိတ်ဓာတ်ကျပြီး ဆုံးသွားရတယ်။  အဖေက ကာစီနိုမှာ အကြွေးတွေအများကြီးတင်ပြီးတဲ့နောက်ပိုင်း သူတို့က သူ့လက်နှစ်ဖက်ကို ဖြတ်လိုက်ကြတယ်။ နောက်ကျ သူလည်း ဆေးရုံမှာ သေသွားခဲ့တယ်။ အဖွားကတော့ အမြဲတမ်း ကျင်းယန်မှာပဲ နေတာ …. သူမက အဲအကြောင်းသိသွားတာနဲ့  ငါ့ကို တိတ်တိတ်လေး  ခေါ်သွားခဲ့တယ်။ မဟုတ်ရင် ကာစီနိုရဲ့ အပြုအမူတွေအရဆိုရင် ငါလည်း လွတ်နိုင်မှာ မဟုတ်ဘူးလေ …..

လူသားသစ္စာ (701-900)Tempat cerita menjadi hidup. Temukan sekarang