အခန်း (843)

817 168 23
                                    

အခန်း (၈၄၃)  : မိုက်မဲလှသည့် အမျိုးသမီး

မိုဝူကျိက သွေးမျိုးဆက်ကို တွေးမိလိုက်သည့်အခါ သူ့စိတ်နှလုံးသားပင် တည်ငြိမ်ရာ မရတော့ပေ။

သူ့ပြန်မွေးဖွားလာသည့် သွင်ပြင်ပုံစံမှာ နဂိုသွင်ပြင်နှင့် အရမ်းဆင်တူပေသည်။ ကျင့်ကြံပြီးသည့်နောက်တွင် သူ့သွင်ပြင်မှာ စတင် ပြောင်းလဲလာကာ ယခင်ဘဝနှင့် ပို၍ တူညီလာလေ၏။

ထိုအမျိုးသမီးက သူ့အား မှတ်မိနေသည်မှာ သူ့အမျိုးများ ဖြစ်နေလို့လား ….

ဤသို့လည်း မဖြစ်နိုင်ပေ။ အကယ်၍ တစ်ဖက်လူက သူ့ဆွေမျိုး ဖြစ်နေလျှင်ပင် သူနှင့် ဤမျှသွေးနီးလိမ့်မည် မဟုတ်ပေ။ အများဆုံး ခံစားချက်မျှသာ ဖြစ်လိမ့်မည်။

မိုဝူကျိက ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိသွားလေ၏။

အရင် ရှားရိုယင်နဲ့ တစ်ခါအိပ်ခဲ့တုန်းကများ …..

မိုဝူကျိက ထိုအကြောင်းကို တွေးမိသွားသည့်အခါ လက်များပင် တုန်တုန်ယင်ယင် ဖြစ်လာမိသည်။ အကယ်၍ ဤအမျိုးသမီးသာ ရှားရိုယင်၏ မျိုးဆက် ဖြစ်နေလျှင် သူ့အနေနှင့် မည်သို့ဖြေရှင်းရမည်နည်း။

“ ရှင့်မျိုးရိုးက မိုလား ” ထိုအမျိုးသမီးက မိုဝူကျိ၏ စိတ်နှင့်ကိုယ်နှင့် မကပ်ဖြစ်နေသည့် အပြုအမူကို သတိပြုမိကာ ထပ်မေးလိုက်သည်။

မိုဝူကျိက အသိပြန်ဝင်လာပြီး သူမက ရှားရိုယင်၏ မျိုးဆက် မဖြစ်နိုင်ပေ။ အကြောင်းမှာ ရှားရိုယင်လို လူမျိုးက ထိုအကြောင်းမျိုး ထုတ်ပြောခြင်းမှာ သူမအား ပို၍ သစ္စာရှိစေရန်သာ ဖြစ်၏။

ထို့အပြင် ရှားရိုယင်က သူ့ဘေးတွင် နေ့တိုင်းနီးပါး ရှိခဲ့ပြီး အခါးရည် သောက်သည့်အချိန်တွင်ပင် အခါးရည်က နွေးနေလေ့ရှိသည်။ အကြောင်းမှာ သူ့အား သုတေသန ကောင်းကောင်း လုပ်နိုင်ရန် ကောင်းစွာ ဂရုစိုက်ပေးခြင်း ဖြစ်၏။ သူမ ကိုယ်ဝန်ရှိနေသည်ဆိုလျှင် မည်သို့ မသိဘဲ နေမည်နည်း။

ဟူး ….

မိုဝူကျိက နူးနူးညံ့ညံ့ ပြောလိုက်သည်  “ ဟုတ်ပါတယ် …. ကျုပ်မျိုးရိုးက မိုပါ။ ခင်ဗျားက ကျုပ်နဲ့ အတော်လေး တူတာပဲ။ ခင်ဗျားမိဘတွေက ဘယ်သူတွေလဲဆိုတာ သိခွင့်ရမလား ”

လူသားသစ္စာ (701-900)Where stories live. Discover now