အခန်း (889)

687 147 5
                                    

အခန်း (၈၈၉)  : ကောင်းကင်လူသားဂိုဏ်း

မိုဝူကျိ၏ ပထမဆုံး အတွေးမှာ သူ့ကမ်းလှမ်းမှုအား ချက်ချင်း ငြင်းပယ်ပစ်ဖို့ ဖြစ်သည်။ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်နှင့် ချီသွေးကြောများ ဖွင့်ခြင်းမှာ  ဖုံးကွယ်အထားဆုံး သူ့လျို့ဝှက်ချက်များ ဖြစ်ပေသည်။ ဤကိစ္စသာ ပေါ်ပေါက်သွားသည်နှင့် သူ့ကိုယ်သူ ကပ်ဘေး ဖိတ်ခေါ်သလို ဖြစ်လာလိမ့်မည်။

ဒုတိယအတွေးမှာ မိုဝူကျိက မငြင်းပယ်သင့်ကြောင်း ဖြစ်၏။ ဤလူက မိုဝူကျိအား ကောင်းကင်ဘုံ သွေဖယ်ကာ လူသားများအတွက် ကျင့်ကြံနိုင်သည့် လမ်းစဉ်အပေါ် လျှောက်နေကြောင်း ပြောနိုင်လေရာ သူ့အနေနှင့် ဤနေရာမှ ထွက်သွားလျှင် တခြားသူများအတွက် ပစ်မှတ် ဖြစ်သွားနိုင်လေ၏။

“ မြန်မြန်လေး ဖြေပါဦး။ ငါတို့ ကောင်းကင်လူသားဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်ဖို့ စိတ်ဝင်စားလား ” အကြီးအကဲက စိုးရိမ်တကြီး မေးလိုက်သည်။

မိုဝူကျိက သတိထား၍ “ ကျွန်တော်ရဲ့ ဝိညာဉ်ကြောတို့၊ တခြားအရာတွေ စမ်းသပ်ဖို့ မလိုဘူးလား ”

ဝေကျဲက မိုတူကျိအား မျက်မှောင်ကျုတ်ကြည့်လိုက်ပြီး  “ ငါ ဝေကျဲက ဘယ်လိုလုပ် လူကို အကဲခတ်မှားမှာလဲ။ ဘာစစ်ဆေးမှုမှ ခံစရာ မလိုဘူး. မင်းက ထိပ်တန်းပါရမီရှင်ဆိုတာ သေချာပြီးသား … ”

မိုဝူကျိက ထိုစကားများ ကြားသောအခါ  “ အဲဆိုလည်း ကောင်းပြီလေ … ”

ဝေကျဲက မိုဝူကျိ၏ သဘောတူညီမှုကို ကြားသည်နှင့် မိုဝူကျိအား မိန်းမငယ်လေးဆီ တန်းခေါ်သွားကာ ပြောလိုက်လေ၏  “ ဒါက ငါတို့ ကောင်းကင်လူသားဂိုဏ်းရဲ့ အတွင်းစည်း တပည့်တစ်ယောက်ပဲ။ သူ့ကို အတွင်းစည်း တပည့်အတွက် ပစ္စည်းလေးကို ထုတ်ပေးလိုက်ပါဦး ”

မိုဝူကျိက အနည်းငယ် အံ့ဩမိသွားလေသည်။  ထိုမျှ လေးလေးနက်နက် ပြုမူနေဖို့ရာ လိုအပ်သည်လား။

သူက ကောင်းကင်လူသားဂိုဏ်းဆီ ဝင်ချင်ကြောင်း ကြားပြီးနောက် ဤသည်က ဘာအပြုအမူလဲ ….

ကောင်းကင်လူသားဂိုဏ်းက သူတို့ရဲ့ ပါရမီရှင် တပည့်တွေကို ဒီလိုမျိုး  အရေးစိုက်တာများလား ….

လူသားသစ္စာ (701-900)Where stories live. Discover now