အခန်း (765)

751 149 3
                                    

လူသားသစ္စာ ၅၅

အခန်း (၇၆၅)  :  အားအကောင်းဆုံး အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူ

တူစုန့်က မိုဝူကျိ တစ်ယောက် လက်သီးချက် ထုတ်ဖော်လိုက်သည့်အခါ မျက်နှာအမူအယာမှာ မှုန်မှိုင်းသွားသည်ကို မြင်လိုက်ရ၍ စိတ်အေးသွားလေသည်။ အကယ်၍ သူ့စိတ်ဝိညာဉ် ဖြိုခွဲခြင်း လျို့ဝှက်ပညာရပ်က မိုဝူကျိ၏ ကမ္ဘာဦး စိတ်ဝိညာဉ်အား ဘာမှမလုပ်နိုင်လျှင်ပင် သူက နောက်ဆုတ်နိုင်သေး၏။

သူက ယခင် သူ့လျို့ဝှက်ပညာရပ်ဖြင့် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်ကိုပင် သတ်နိုင်ခဲ့လေရာ မိုဝူကျိလိုမျိုး အင်မော်တယ် အုပ်စိုးသူအဆင့် တစ်ယောက်အနေနှင့် ခုခံနိုင်စွမ်း မရှိကြောင်း ယုံကြည်ထားသည်။ မိုဝူကျိသည်လည်း အမှန်ပင် သူ့တိုက်ကွက်အား ကူကယ်ရာမဲ့ ဖြစ်သွားလေသည်။

“ ပါးမွှား သေစမ်း … ” ခြေတစ်လှမ်းဖြင့် တူစုန့်က မိုဝူကျိရှေ့ ပေါ်လာလေ၏။ သူက လက်ကို ဆန့်ထုတ်၍ မိုဝူကျိ နဖူးဆီ လက်ရွယ်လိုက်သည်။

ဤမျှ ငယ်ငယ်ရွယ်ရွယ်လေးဖြင့် မိုဝူကျိက အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်နေပြီး အလွန်အားကောင်းသည့် အင်မော်တယ်အုပ်စိုးသူအဆင့် ကျင့်ကြံသူလည်း ဖြစ်နေသည်။ ထို့အပြင် နတ်ဘုရား ရုပ်ခန္ဓာပိုင်ရှင်လည်း ဖြစ်နေသေး၏။ တူစုန့်က မိုဝူကျိတွင် သေချာပေါက် လျို့ဝှက်ချက် ရှိလိမ့်မည်မှန်း သေချာသိနေသည်။ သူက ဒဏ်ရာများ ခံစားရလျှင်ပင် တန်ပေသည်။

တူစုန့်၏ လက်က မိုဝူကျိ၏ နဖူးနှင့် စင်တီမီတာအချို့သာ ကွာဝေးတော့သည့်အချိန် သူ့ဘေးပတ်လည် နေရာမှာ ရပ်တန့်သွားကြောင်း ခံစားမိလိုက်၏။ ထိုစဉ် သူ့ခန္ဓာကိုယ်မှာလည်း မလှုပ်ရှားနိုင်တော့ပေ။

“ မကောင်းတော့ဘူး  သူ့ထောင်ချောက်ထဲ ရောက်သွားပြီ …” တူစုန့်က နားလည်သွားလေသည်။ သူ့စိတ်ဝိညာဉ် ဖြိုခွဲခြင်း လျို့ဝှက်ပညာရပ်က တစ်ဖက်လူအပေါ် လုံးဝ သက်ရောက်မှု မရှိပေ။ တစ်ဖက်လူ၏ လက်သီးချက် ရပ်တန့်သွားသည်မှာ ထိုလက်သီးချက်တွင် အာကာပြင် ချုပ်နှောင်မှု ပညာရပ် ပါဝင်နေလေရာ သူ့အပေါ် ကျရောက်လာဖို့ မလိုအပ်ပေ။

လူသားသစ္စာ (701-900)Where stories live. Discover now