အခန်း (862)

834 160 1
                                    

အခန်း ( ၈၆၂ ) : ဝိညာဉ်ကျိုးလူသား

မိုဝူကျိသည် မူလကတည်းက အဆင့် ၉ အင်မော်တယ် အစီအရင် ဆရာတစ်ယောက် ဖြစ်ပေသည်။ ပညာရှိတာအိုအဆောင် ပထမအလွှာကို သန့်စင်ပြီးနောက် အစီအရင်ပေါ်၌ သူ့နားလည်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာပေ၏။ ဖင်းဖန်အင်မော်တယ်ကျောင်း ဘေးပတ်လည်ရှိ ကာကွယ်ရေး အစီအရင်မှာ ကျီလီ၏ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ပေါ်တွင် နားလည်နိုင်စွမ်းကို အခြေပြုထားခြင်း ဖြစ်၏။

ထိုအင်မော်တယ် ပိတ်လှောင်ရေး အစီအရင်၌ မည်သို့သောလူများ ပိတ်လှောင်ခံထားရသနည်း။

အင်မော်တယ်ဧကရာဇ်များကို ထည့်ပြောနေဖို့ပင်မလိုပေ။  တာအိုဧကရာဇ်များပင် ထိုအစီအရင်ထဲ၌ ပါးမွှားမျှသာ မှတ်ယူရပေမည်။

မိုဝူကျိကိုယ်တိုင်က ထိုအင်မော်တယ် ပိတ်လှောင်ရေး အစီအရင်၌ အချိန်အတော်ကြာ နေခဲ့ဖူးသူဖြစ်ကာ သူ့အနေနှင့် ဤအစီအရင်ကို အချိန်တိုလေးအတွင်း ချိုးဖျက်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။  သို့သော် မိုဝူကျိက ထိုအစီအရင်ကို ကြိုးစားကြည့်လိုက်သည့်အခါ သူရင်ဆိုင်နေရသည့်အရာကို သိရှိသွားလေ၏။

ကျီလီ၏ နည်းလမ်းများမှာ မူလအင်မော်တယ် ပိတ်လှောင်ရေး အစီအရင်၏ မပြီးပြည့်စုံသော အတုယူမှု တစ်ခုမျှသာ ဖြစ်သော်လည်း မိုဝူကျိက အငွေ့ပင်လယ်နှင့် ရင်ဆိုင်ရသလို ခံစားနေရသည်။

ထိုလူများက နှစ်များစွာ ကြာသည့်တိုင် ဤအစီအရင်အား မချိုးဖောက်နိုင်သေးသည်မှာ အံ့သြစရာ မရှိတော့ပေ။

မကြာခင် မိုဝူကျိက ဤအစီအရင်အား ချိုးဖောက်ဖို့ ကြိုးစားရာ၌ စိတ်နှစ်မြုပ်လိုက်သည်။ အချိန်တိုလေးအတွင်း သူ့ဘေးပတ်လည်၌ မြူခိုးများ ပေါ်လာလေသည်။ ထိုမြူအတွင်း အစီအရင်သင်္ကေတများက ဆက်တိုက်ပြေးလွှားနေလေ၏။ အကယ်၍ အစီအရင်အား နှစ်သက်သဘောကျသည့် လူတစ်ယောက်သာ မိုဝူကျိ ဘေးနားရှိနေလျှင် ထိုသူသည် များစွာ သင်ယူနိုင်လိမ့်မည်။

မိုဝူကျိက ဖင်းဖန်အစီအရင်ကျောင်း၏ ကာကွယ်ရေးအစီအရင်ကို ချိုးဖောက်ဖို့ ကြိုးစားနေစဉ် ယန်လီနှင့်အခြားလူများမှာလည်း ဖင်းဖန်အား မူလအခြေအနေသို့ ရောက်ရှိအောင် ပြန်လည် တည်ဆောက်နေကြ၏။

လူသားသစ္စာ (701-900)Waar verhalen tot leven komen. Ontdek het nu