အခန်း (701)

4.6K 213 5
                                    

အခန်း  (၇၀၁)  :  အပြောင်းအလဲ

လေးနာရီကြာပြီးသည့်နောက် ထာဝရ ကမ္ဘာ ပြောင်းလဲမှုကား ရပ်တန့်သွားတော့သည်။ မိုဝူကျိပင် ထာဝရ ကမ္ဘာထဲမှ ပြောင်းလဲမှု အကြီးကြီးကို ခံစားမိလေ၏။

မိုဝူကျိက အဆင့်မြင့် ကုသဆေးလုံးများကို မျိုချလိုက်ပြီးနောက်  သူ့ခန္ဓာကိုယ်မှာ အမြန်နှုန်းဖြင့် ပြန်လည် ကောင်းမွန်လာနေသည်။

တစ်ရက်တာ ကုန်ဆုံးသွားပြီးနောက် မိုဝူကျိက အပြည့်အဝ ပြန်လည် ကောင်းမွန်လာတော့သည်။ ထို့နောက် သူက စိတ်စွမ်းအားကို ဖြန့်ကျက်ထားလိုက်၏။ ဟန်ချင်းရုသည် သဘာဝကျီ ဆေးလုံး အကူဖြင့် စွမ်းအားမြင့်တက်နေဆဲ ဖြစ်ကာ သူမ၏ ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်တို့မှာလည်း လုံးဝ ပြန်ကောင်းလုနီးပါး ဖြစ်နေလေပြီ။ လက်ရှိ ဟန်ချင်းရုက အင်မော်တယ်ကျောက်များဖြင့် အသည်းအသန် ကျင့်ကြံနေလေရာ  သူမအနေနှင့် ကျင်းရှန်း အလယ်အလတ်အဆင့် ရောက်ရှိဖို့ သိပ်မလိုတော့ပေ။

ဖေးလင်၊ နျဲ့ချုံးအန်းနှင့် ကျန့်မင်ချန်းတို့ သုံးယောက်မှာ ပြန်လည် ကောင်းမွန်လာနေသော်လည်း သဘာဝကျီ ဆေးလုံး၏ ဆေးအာနိသင် အားလုံးကို စုပ်ယူဖို့ရာ ကြိုးစားနေဆဲ ဖြစ်သည်။ သူတို့အတွက် ပြိုင်ဖက်ကင်းအဆင့် သဘာဝကျီ ဆေးလုံးမှာ ဓားအကျဉ်းထောင်ထဲ ပိတ်မိနေခြင်း မဟုတ်လျှင်ပင် အလွယ်တကူ ရရှိနိုင်သည့် အရာ မဟုတ်ချေ။

မိုဝူကျိက လက်ရှိ သူတွင် ရှိနေသော အင်အားစုကို အလွန် ကျေနပ်မိသည်။ ဖန်းဟုန်တို့နှင့် တိုက်လျှင်ပင် သူ့အနေနှင့် ရှုံးနိမ့်တော့မည် မဟုတ်ပေ။ မိုဝူကျိက ဓားစွမ်းအင် ဝဲကတော့အား နောက်တစ်ကြိမ် သွား၍ စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ သူက ထိုဝဲကတော့မှာ အလွန်ထူးဆန်းနေကြောင်း ခံစားမိနေ၍ ဖြစ်၏။

“ ဂိုဏ်းချုပ် အပြင်သွားမလို့လား ” မိုဝူကျိက သူ့အင်မော်တယ်ဂူမှ ထွက်လာသည်နှင့် နျဲ့ချုံးအန်းက မိုဝူကျိဆီ ချည်းကပ်လာကာ မေးလိုက်သည်။

မိုဝူကျိက နျဲ့ချုံးအန်းကို စိတ်ထဲမှ ချီးကျူးမိလိုက်သည်။ သူက အင်အားအပြည့် ပြန်လည် မရရှိသေးသော်လည်း အင်မော်တယ် ဧကရာဇ် တစ်ဦး ဖြစ်နေဆဲ ဖြစ်၏။ အကယ်၍ ဖေးလင်သာ ဖြစ်နေလျှင် သူက မိုဝူကျိ ထွက်သွားသည်ကို သတိပင် ပြုမိလိုက်မည် မဟုတ်ပေ။

လူသားသစ္စာ (701-900)Where stories live. Discover now