အခန်း (825)

805 172 7
                                    

လူသားသစ္စာ 60

အခန်း (၈၂၅)  :  ကောင်းကင်ဘုံအလွန် စကြဝဠာ၏ စည်းမျည်းများ

“ တာအိုသခင်မို …. အဆင့်တက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ စကြဝဠာအစွန်းရဲ့ ကာကွယ်ရေး အစီအရင်က ပျက်စီးနေတာ နည်းနည်း ကြာသွားပြီဆိုတော့ အသစ် ခင်းကျင်းတော့မလား” မိုဝူကျိ တံခါးပိတ် လေ့ကျင့်ရာမှ ထွက်လာသည်နှင့် တာအိုဧကရာဇ်တချို့က သူ့ရှေ့သို့ ရောက်လာကာ ဆိုလိုက်ကြသည်။

အမှန်တရားမှာ သူတို့က မိုဝူကျိ ထွက်အလာကို စောင့်ဆိုင်းနေကြခြင်းမှာ စကြဝဠာအစွန်း၏ အကျိုးမြတ်များ ဝေခွဲရေးနှင့်အတူ ကာကွယ်ရေး အစီအရင်အသစ် ခင်းကျင်းရန် ဖြစ်၏။ သူတို့၏ အစီအရင်တာအိုမှာ မိုဝူကျိနှင့် နှိုင်းယှဉ်၍ မရသော်လည်း မိုဝူကျိအနေနှင့် သူ တစ်ယောက်တည်း စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင်အား ချုပ်ကိုင်ထားမည်ဟု တွေးထားလျှင် မဖြစ်နိုင်ပေ။

“ ဒါပေါ့ …” မိုဝူကျိက ပြုံးကာ ရောက်လာသည့် ဖုန်းဟွမ်အား ကြည့်ကာ ပြောလိုက်သည်  “ တာအိုသခင်ဖုန်း ”

ဖုန်းဟွမ်က မြန်မြန် ပြောလိုက်လေ၏  “ တာအိုသခင်မို …. ကျုပ်တို့ကြားက အခေါ်အဝေါ် အဆင်ပြေအောင်လို့ ကျုပ်က အခု စကြဝဠာအစွန်းရဲ့ မြို့စားလို့ ပြောင်းထားတယ် ”

မိုဝူကျိက စိတ်ထဲ မထားဘဲ  “ မြို့စားဖုန်း … ကောင်းကင်ဘုံအလွန် စကြဝဠာက စည်းမျည်းအသစ်တွေ သတ်မှတ်တော့မှာဆိုတော့ ဒီမှာရှိနေတဲ့ အင်အားစုတိုင်း၊ မျိုးနွယ်တိုင်းကို ကောင်းကင်ဘုံအလွန် တာအိုသခင်အိမ်တော်မှာ နောက်ထပ် နှစ်နာရီကြာရင် တွေ့ဖို့  ကျုပ်ကို ကူညီပေးပါဦး  ”

“ ဟုတ်ကဲ့ ” ဖုန်းဟွမ်က တုံ့ပြန်လိုက်ပြီးနောက် နောက်တစ်ခွန်းထပ်ပြောလိုက်သည်  “ တာအိုသခင်မို … ဒီညီလာခံ မတက်ရောက်ချင်တဲ့လူတွေကို ကျုပ်တို့ ဘာလုပ်လိုက်ရမလဲ ”

မိုဝူကျိက ရယ်မောကာ “ အဲဒါက သူတို့အပေါ် မူတည်တယ်။ ကျုပ်တို့တွေ အတင်းဖိအားပေးစရာ မလိုဘူး ”

မိုဝူကျိ စကားကို ကြားပြီး ဖုန်းဟွမ် တစ်ယောက်တည်းသာ အံ့ဩသွားခြင်း မဟုတ်ပေ။ တာအိုဧကရာဇ်တချို့လည်း အံ့အားသင့်ကာ သံသယဝင်မိသွားလေ၏။ သူတို့၏ မိုဝူကျိအပေါ် နားလည်နိုင်စွမ်းအရ မိုဝူကျိသည် အလွယ်တကူ ညှိနှိုင်း၍ ရသည့်သူ မဟုတ်ချေ။ မိုဝူကျိအား ရန်မစမိလျှင် ဘာမှဖြစ်မည် မဟုတ်သော်လည်း ရန်စထားမိပါက နတ်ဘုရားမျိုးနွယ်၏ အဖြစ်အပျက်မှာ  ထိုလူများ၏ နောင်တချိန် ကြုံတွေ့လာရမည့် အကောင်းဆုံး နမူနာ ဖြစ်သွားပေမည်။

လူသားသစ္စာ (701-900)Where stories live. Discover now