အခန်း (707)

819 130 0
                                    

အခန်း  (၇၀၇)  :   ကျိုးပျက်ကမ္ဘာ၏ လေးလွှာမြောက်ကို ဖွင့်လှစ်ခြင်း

စုကျီအန်းက ဦးညွှတ်လိုက်ပြီး  “ ကျုပ်တို့ လေးယောက်လုံးက တျန်းဂျီဂိုဏ်းက ဖြစ်ပြီးတော့ ကျုပ်နာမည်က စုကျီအန်းပါ။  တျန်းဂျီဂိုဏ်းမှာတုန်းက အကြီးအကဲ တစ်ယောက်ပါ ”

ထို့နောက် စုကျီအန်းက ခပ်ကြမ်းကြမ်း သွင်ပြင်ရှိသည့် အမျိုးသားကို ညွှန်ပြလိုက်ပြီး “ သူကတော့ လုမင်ပါ။ သူက အလုပ်တာဝန် ခန်းမရဲ့ တာဝန်ခံ တစ်ယောက်ပါ။ လုမင်ရဲ့ နောက်က နှစ်ယောက်က တျန်းဂျီဂိုဏ်းသားတွေ ဖြစ်တဲ့ ဟိုင်ကျန်းကွေ့နဲ့ ဖန်ဝါပါ … ”

မိုဝူကျိက ဝမ်းမြောက်မိသွားသည်။ သူက တျန်းဂျီဂိုဏ်းကို ကိုယ်တိုင် တည်ထောင်မည့် အတွေးကို စွန့်ပစ်လိုက်သော်လည်း သူက ကျင့်ကြံခြင်းလောကမှ တျန်းဂျီဂိုဏ်းချုပ် ဖြစ်နေသေး၏။ သူက တျန်းဂျီဂိုဏ်းနှင့် ပတ်သတ်လာလျှင် စိတ်ခံစားချက်များ ပြင်းထန်ပေသည်။

စုကျီအန်းသည် အင်မော်တယ် အုပ်စိုးသူ နောက်ဆုံးအဆင့် ဖြစ်နသည့် အချက်ကို ထည့်မပြောလျှင်ပင် လုမင်ပင်  အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ရောက်ရှိနေပြီ ဖြစ်၏။ ဟိုင်ကျန်းဟွေ့မှာ မိန်းကလေး ဖြစ်သော်လည်း သူမ ပါရမီကား အတော်လေး အံ့ဩဖို့ ကောင်းလှပြီး မဟာလော့ရှန်း နောက်ပိုင်းအဆင့် ရောက်ရှိနေလေပြီ။ ထို့အပြင် မဟာလော့ရှန်း နောက်ပိုင်းအဆင့်နှင့် အင်မော်တယ်ဘုရင်အဆင့်ကြားတွင် ခြားနားချက် မရှိပေ။ သူ့တွင် အင်မော်တယ်ဘုရင် ဆေးလုံး ရှိနေသည် မဟုတ်ပါလော။

အငယ်ဆုံးလေး ဖန်ဝါမှာ ရွမ်ရှန်း နောက်ပိုင်းအဆင့် ရောက်ရှိနေပြီး ဖန်ဝါက ပိန်ပါးပါးဖြင့် နာမကျန်းဖြစ်နေဟန် ပေါ်၏။ သူ့နောက်ကျောတွင် သစ်သားဓားတစ်လက် ရှိနေ၏။  မိုဝူကျိက ဤဖန်ဝါမှာ အလားအလာ အကောင်းဆုံး ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ဤသို့သော ဓားအကျဉ်းထောင်မျိုး၌ပင် သူက ဓားအငွေ့အသက် အနည်းငယ် ထုတ်လွှင့်နိုင်နေသေး၏။ သူက အခြားလူများနှင့် ကွဲပြားနေကြောင်း သိသာလှသည်။ တစ်ခြားလူများက သူတို့အသက်ကို ကာကွယ်ရုံသာ တတ်နိုင်ကြသော်လည်း သူက ဤနေရာ၌ ဓားစွမ်းအင်မှ ဉာဏ်အလင်း ပွင့်လာအောင် လုပ်ဆောင်နိုင်ခဲ့သည်။

လူသားသစ္စာ (701-900)Where stories live. Discover now