အခန်း (769)

793 151 0
                                    

လူသားသစ္စာ 56 လိုက်ပွဲ

အခန်း  ( ၇၆၉)  :  တစ်ယောက်၊ သုံးယောက် တိုက်ပွဲ

မီဖေးကုန်သည်အိမ်တော်

ခေါင်းဆောင် မင်ချန်း၊ ဝမ်လီနှင့် ရန်ယူရွှေတို့က ဘေးမှ လေးလေးစားစား ရပ်နေကြသည်။

အလယ်နေရာ၌ ထိုင်နေကြသူများမှာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်၏။ အလယ်မှ လူမှာ  မျက်လုံးခပ်မှေးမှေးနှင့် ဖြစ်ပြီး သူ့အသက်အရွယ်မှာ ခန့်မှန်း၍ မရပေ။ သူတွင် နီကြောင်ကြောင် ဆံပင်များ ရှိပြီး အရှိန်အဝါများက ထွက်ပေါ်နေလေသည်။ သူ့ဘေးပတ်လည်၌ ဖော်ပြ၍ မရနိုင်သော တာအိုစွမ်းအားများ ဝန်းရံနေသည်။

ဆံနီ အမျိုးသား ဘယ်ဘက်၌ လူလတ်အရွယ် အမျိုးသမီး တစ်ဦး ရှိနေပြီး သာမာန် ရုပ်ရည်မျှသာ ရှိပေသည်။ ညာဘက်၌မူ အနည်းငယ် ခပ်ဝဝ လူအိုကြီး တစ်ယောက် ရှိနေ၏။

ဘေးတွင် ရပ်နေသည့် မင်ချန်းက စိတ်မအေးမိပေ။ ဝမ်လီနှင့် ရန်ယူရွှေတို့က  ထိုအင်မော်တယ် ဧကရာဇ်များမှာ မီဖေးကုန်သွယ်ရေး အဖွဲ့မှ လွတ်လိုက်မှန်းသာ သိကြသော်လည်း သူ့အနေနှင့် ပိုသိနေသည်။

အထူးသဖြင့် အလယ်တွင် ထိုင်နေသည့် ဆံနီ အမျိုးသားကို ဖြစ်၏။ သူ့နာမည်မှာ အူးကျောက်ဟယ် ဖြစ်ကာ ဒေါသကြီးသည့်အတွက် နာမည်ကျော်လေ၏။ အကယ်၍ တစ်ယောက်ယောက်က သူ့ဆန္ဒနှင့် မကိုက်ညီဘဲ ပြုမူမိလျှင် သေခြင်းတရားနှင့် တွေ့သွားရလိမ့်မည်။ ထိုသုံးယောက်ကြား၌  သူ့ကျင့်ကြံဆင့်မှာ အားအကောင်းဆုံး ဖြစ်ပြီး အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့်လည်း ဖြစ်ပေသည်။

မင်ချန်းက အူးကျောက်ဟယ်သည် မိတ်ဆွေတစ်ယောက်နှင့် ရှေးဟောင်းနယ်မြေတစ်ခုဆီ သွားရောက်စူးစမ်းခဲ့ကြပြီး သူတို့ရတနာခွဲဝေမည့် အချိုးအစား သဘောမတွေ့သည့်အတွက် ထိုမိတ်ဆွေအား တန်းသတ်ပစ်လိုက်ကြောင်း ကောလဟာလ ကြားဖူး၏။ ထိုအဖြစ်အပျက်ကြောင့် အားလုံးက ဤလူမှာ ရက်စက်ကြောင်း သိသွားကြသည်။ ကောင်းကင်ဘုံနယ်နမိတ် အလွန်၌ သူကြောင့် သေဆုံးသွားရသည့် အင်မော်တယ် အရေအတွက်မှာ လက်များဖြင့် ရေတွက်နိုင်သည့်ထက်ပင် ပိုများပြားနေသေးသည်။

လူသားသစ္စာ (701-900)Where stories live. Discover now