အခန်း (895)

683 142 2
                                    

လူသားသစ္စာ 65 လိုက်ပွဲ

အခန်း (၈၉၅) :  ကူညီပြောဆိုပေးခြင်း

“မဟုတ်သေးဘူး။ အဲ့ဒီမှာ ပြဿနာတစ်ခု ရှိကို ရှိနေလိမ့်မယ် ”  မိုဝူကျိက ရုတ်တရက် အလွန်အရေးကြီးသော ပြဿနာတစ်ခုကို စဉ်းစားမိလိုက်သည်။

“ အစ်ကိုကြီးဝူကျိ… ဘာဖြစ်လို့လဲ ”  အစောပိုင်း၌ အားတက်သရော ဖြစ်နေသော  ကူချိုက်က နောက်တစ်ကြိမ် ထပ်မံ၍ စိုးရိမ်ကြောင့်ကြမိသွားသည်။

မိုဝူကျိက လေးလေးနက်နက် မေးလိုက်သည်။

“ ခန်းမမှာ အစစ်ဆေးခံရတုန်းက မင်း သလင်းကျောက်ထဲက ကျင့်စဉ်ကို မကျင့်ကြံခဲ့ဘူးလား ”

“ အစ်ကိုကြီးဝူကျိ… အဲ့ဒီ့ကျင့်စဉ်ပါပဲ… ညီမက ဒီကျင့်စဉ် တစ်ခုတည်းကိုပဲ သိတာ။ ပြီးတော့ ညီမက အရင် အဖေ သင်ပေးခဲ့ဖူးတဲ့ ကျင့်စဉ်ရဲ့ အစိတ်အပိုင်းလေး တစ်ခုစာလောက်ကိုပဲ သိထားတာ။ ညီမမှာ သလင်းကျောက်တစ်ခုလုံးကို သဘောပေါက် နားလည်နိုင်စွမ်း မရှိပါဘူး ”

ကူချိုက်က အလျင်စလို ရှင်းပြလိုက်သည်။

မိုဝူကျိက တည်တည်ငြိမ်ငြိမ် လေသံဖြင့် တုံ့ပြန်လိုက်သည်။

“ ခဏနေလို့ မင်း ရှင်းပြဖို့ ဂိုဏ်းခန်းမဆီ ပြန်သွားတဲ့အခါ မင်း  ဒီကျင့်စဉ်ကို သိတယ်ဆိုတာ သူတို့တွေကို မပြောပြနဲ့။ ရှေ့လျှောက်လည်း မင်းဒီကျင့်စဉ်ကို သိတယ်ဆိုတာ မပြောပြနဲ့။ တကယ်လို့ မင်း ဒီကျင့်စဉ်ကို ကျင့်ကြံဖို့ ဆန္ဒရှိတယ်ဆိုရင်တောင်မှ မင်း တိုးတိုးတိတ်တိတ်လေး ကျင့်မှရမယ် …”

“ ဒါပေမဲ့…”

ကူချိုက်က ကျင့်စဉ်တစ်ခုတည်းသာကို သိသောကြောင့်  အနည်းငယ် ကျပ်တည်းသော အခြေအနေတွင် ကျရောက်နေသည်။

ကူချိုက်က သူမအတွေးတွေကို ထုတ်မပြောရသေးခင် မိုဝူကျိသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး  “ ဒီအတွက်တော့ စိတ်မပူနဲ့။ မင်း စိတ်အေးလက်အေးသာနေ။ ငါ မင်းကို သာမန်ကျင့်စဉ်တစ်ခု အရင်ပေးမယ် ”

ထိုသလင်းကျောက်၌ ပါဝင်သော အကြောင်းအရာမှာ အတိုင်းအဆမဲ့ ကျယ်ပြောသော်လည်း မိုဝူကျိသည် တစ်ချက်တည်း ကြည့်ရုံမျှဖြင့် အကြောင်းအရာ အနည်းငယ်ကို နားလည်သဘောပေါက်သလို ရှိသွားသည်။ ဤအချိန်တိုလေးအတွင်း၌ သူက ကူချိုက်အတွက် အစွမ်းထက်သော ဘယ်ကျင့်စဉ်မျိုးမျှ မဖန်တီးနိုင်လောက်ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း ကျင့်စဉ် အချို့ကိုတော့ ကူချိုက်အား သင်ပေးနိုင်သေး၏။

လူသားသစ္စာ (701-900)Where stories live. Discover now